"ဂျက်ဇ်"
Saxophone တီးမှုတ်သံနဲ့ နိမ့်ချီမြင့်ချီ မယ်လိုဒီကြား
လျှပ်တပြက် ခုန်ပေါက် ဆော့ကစားတတ်တဲ့
စန္ဒရားလက်သံက ညင်သာငြိမ့်ညောင်းလို့ ....
သံစဉ်တွေနဲ့ အကျွမ်းတဝင်ယဉ်ပါးပြီးသား
လှိုက်မောဖွယ် ကောက်ကြောင်းများဟာ
ဆည်းဆာရောင်ခြယ် နောက်ခံပိတ်သားဝယ်
Paul Gauguin ရဲ့ ရိုင်းရှနွဲ့နှောင်းတဲ့
စန္ဒရားလက်သံက ညင်သာငြိမ့်ညောင်းလို့ ....
သံစဉ်တွေနဲ့ အကျွမ်းတဝင်ယဉ်ပါးပြီးသား
လှိုက်မောဖွယ် ကောက်ကြောင်းများဟာ
ဆည်းဆာရောင်ခြယ် နောက်ခံပိတ်သားဝယ်
Paul Gauguin ရဲ့ ရိုင်းရှနွဲ့နှောင်းတဲ့
ပန်းချီကားတစ်ချပ်သဖွယ်
အမြင်အာရုံတွေကို စင်မြင့်ထက်မှတစ်ပါး
အခြားအရပ်ဆီတိမ်းဖယ်မသွားအောင်
အခြားအရပ်ဆီတိမ်းဖယ်မသွားအောင်
ညှို့ငင်ဖမ်းစားထားနိုင်ခဲ့တော့ ....
'အာရမ္မဏပစ္စယော' ဆိုတဲ့ ပါဠိစာသားရဲ့
တရားအသိကို မှုန်ဝါးပိပြားအောင်
'အာရမ္မဏပစ္စယော' ဆိုတဲ့ ပါဠိစာသားရဲ့
တရားအသိကို မှုန်ဝါးပိပြားအောင်
ဖိနှိပ်မေ့ပျောက်ထားခဲ့မိလေပေါ့ ....
နီထွေးနွေးစို ပါးလျလျနှုတ်ခမ်းဖျားက
ဆွတ်ပျံ့လေးလံကျူးရင့်လို့
နီထွေးနွေးစို ပါးလျလျနှုတ်ခမ်းဖျားက
ဆွတ်ပျံ့လေးလံကျူးရင့်လို့
ရင်တွင်းနှလုံးဝသို့
ဆူးနင့်ထက်မြတဲ့ စကားလုံးများ
ဆူးနင့်ထက်မြတဲ့ စကားလုံးများ
လေဆန်လှိုင်းထရွေ့လျားလာချိန်
ရဲရင့်မှုခွန်အားတွေ မှိန်ဖျော့လျော့ပါးသွားတာ
ခံစားမိတယ် ....
ဆူပွက်လျှံတက်လာတဲ့ ဝဲဂယက်တစ်ကျိုက်ကို
ရဲရင့်မှုခွန်အားတွေ မှိန်ဖျော့လျော့ပါးသွားတာ
ခံစားမိတယ် ....
ဆူပွက်လျှံတက်လာတဲ့ ဝဲဂယက်တစ်ကျိုက်ကို
မျိုချလိုက်တော့
တစ်ရစ်မှ ဖြေလျှော့မပေးတဲ့ ချည်နှောင်ခြင်းနဲ့အတူ
သူမဟာ ...
သူမရဲ့ သီချင်း၊ သူမရဲ့ အနုပညာ
တစ်ရစ်မှ ဖြေလျှော့မပေးတဲ့ ချည်နှောင်ခြင်းနဲ့အတူ
သူမဟာ ...
သူမရဲ့ သီချင်း၊ သူမရဲ့ အနုပညာ
သူမရဲ့ လေဟာနယ်မှာ
ပေါ့ပါးစွာ မြှူဆွယ်လိုက်
ပေါ့ပါးစွာ မြှူဆွယ်လိုက်
လေးနက်စွာမောင်းထုတ်လိုက် .... ။
#KLT
#KLT
Art: Andrejs Bovtovičs



Comments
Post a Comment