" ငတ်မွတ်ခြင်း "

ဘောလ်ပင်ရေ ...

မင်းဘာငတ်ဖူးသလဲ

ငါကတော့ စာအုပ်တွေငတ်ရဲ့

'မကောင်းမြစ်တာ ကောင်းရာညွှန်လတ်' ဆိုသလို

ဖတ်ခဲ့ဖူးတဲ့စာပေမှန်သမျှကလည်း လူသားတိုင်းရဲ့ မိဘသဖွယ်

အသက်သွေးကြောတွေလိုပါပဲ . . .


ပြီးတော့ ငါ...

ဖြတ်သန်းလွန်မြောက်ခြင်ပြီ-

အထီးကျန်ခါးသက် ၊ ၀ိုးတ၀ါးဖြစ်နေတဲ့

အမှောင်ထုထဲက နေ့ရက်တွေကိုပေါ့ . . .



အိပ်မက်လိုပါပဲ

ငါ့စာကြည့်ခန်းကြီးက

အခင်းအကျင်းကလည်း ဂန္ထ၀င်ပိဋကတ်တိုက်ကြီးတမျှ

လေလာရာ ပြတင်းဝဆီက ကြည့်ရင်

စိမ်းစိုလွင်နေတဲ့ မြက်ခင်းပြင်ကြီးလည်းရှိရဲ့ . . .

အိမ်သူသက်ထားက စာရေးစာဖတ်နားချိန်ဆို

ကိုယ်တိုင်ဖုတ် ၊ ချောကလတ်ကွတ်ကီးမုန့်တွေရယ်

အခွံမနွှာရသေးတဲ့ ပန်းသီးနဲ့ ၊ ဓားတစ်လက်ဝိုင်နှစ်ခွက်ကို

ပြုံးချိုနွဲ့မူ ၊ ဆောင်ယူလာလို့ပေါ့ . . .

အော် ... ငါ့စာကြည့်ခန်း

အိပ်မက်လိုပါပဲလား . . . ။           ။


(ကျော်လင်းထွန်း)

Comments