"ကျွန်တော့်ရဲ့ လေဟာနယ်"
ကျိန်စာလို အလင်းတန်း
အတောင်စုံဖြန့် ပျံသန်းတဲ့အခါ
မြစ်ဧရာနံဘေး
ဆာယာတဲ့ ဟိုမှာဘက်ကမ်းဆီက
ရောင်နီပျိုနု ဝိုးတဝါးတစ်ခု
လှိုင်းတံပိုး လက်ပါးစေတွေ
အံတုဗလပြုလို့
သန့်စင် မွေးဖွားလာနိုင်ကောင်းရဲ့ ...
.
အို ... လွမ်းရပါတဲ့ နေခြည်
သင့်ကြောင့် စာတွေဖတ်တတ်ခဲ့ပြီလေ
သင့်ကိုလွမ်းရဲ့
စာပန်းခွေနဲ့ ဖော်မပြတတ်
ရင်ဘတ်က မျက်ရည်နဲ့သာ
သက်သေပြပါရစေတော့ ကျောင်းတော်ကြီးရေ ...
.
အမည်းရောင် ကတ္တရာလမ်းပေါ်က
လွယ်အိတ်တစ်လုံးနဲ့
အဖြူရောင် ခြေလှမ်းတွေ
ထေ့လှောင်ပြုံးမပါတဲ့
အချိုလွင်ဆုံးရယ်မောသံတွေ
မာယာနဲ့ ရောနှောရစ်သီမထားတဲ့
ကျစ်ဆံမြီးလှလှလေးတွေ
အားလုံးကို စူးနစ်ရင်ခုန်နေမိတုန်းပဲ ...
.
သက်တော်ကလန်ကလား
မှုတ်ထုတ်မိတဲ့ သက်ပြင်းတွေလဲ
ကောင်းကင်မှာ ကျပ်ခိုးဆွဲ
ဖျန်းခနဲ ပါးလာရိုက်ပြီး နှိုးတတ်တဲ့
စားဝတ်နေရေး
ပေါ့ဆိမ့်တစ်ခွက်၊ တေးတစ်ပုဒ်နဲ့
ဇိမ်ယူပြီးမှေးရတဲ့
မြေစိုက်လက်ဖက်ရည်ဆိုင်နားတောင်
မကပ်နိုင်တဲ့နေ့စွဲ
ကျွဲပါးတယောမတီးတော့တဲ့
နှိုးစက်နာရီတစ်လုံး
ဂရင်းဒေးရဲ့လက်ပစ်ဗုံးနဲ့ မူကွဲတဲ့
ဗမာ အီးဒီးယက်
စည်းကလနားတွေ ရိုက်ဖျက်
၁၉ ရာစုက ပဲရစ်မြို့ပျက်ကြီးထဲမှာပဲ
အိပ်စက်ရင်း အသက်ထွက်ချင်တယ် ...
.
ဒီထက်နက်တဲ့ ညတွေမှာ
လမ်းလယ်ကျွန်းပေါ်က
ဈေးခေါ်နေတဲ့ ညငှက်လေးလို
ကျောချမ်းစရာ ဆုတ်နစ်ယိုယွင်းမှုတွေနဲ့
နဖူးကြောတင်းနေတဲ့ အနုပညာရဲ့ မနက်ဖြန်ဟာ
ဘယ်လိုမှ စေ့စပ်ဖျန်ဖြေလို့မရတဲ့နောက်
အတိတ်မေ့ စကားလုံးတွေ သောက်ပြီး
မှိုတက်သွားတဲ့ အိပ်မက်ထဲ
လရိပ်ကို နမ်းရှိုက်ရင်း ပျံဝဲနေလိုက်တော့မယ်
ဒါ . . .
ကဗျာပွဲတော်ညရဲ့လေဟာနယ် ... ။ ။
.
#KLT
အတောင်စုံဖြန့် ပျံသန်းတဲ့အခါ
မြစ်ဧရာနံဘေး
ဆာယာတဲ့ ဟိုမှာဘက်ကမ်းဆီက
ရောင်နီပျိုနု ဝိုးတဝါးတစ်ခု
လှိုင်းတံပိုး လက်ပါးစေတွေ
အံတုဗလပြုလို့
သန့်စင် မွေးဖွားလာနိုင်ကောင်းရဲ့ ...
.
အို ... လွမ်းရပါတဲ့ နေခြည်
သင့်ကြောင့် စာတွေဖတ်တတ်ခဲ့ပြီလေ
သင့်ကိုလွမ်းရဲ့
စာပန်းခွေနဲ့ ဖော်မပြတတ်
ရင်ဘတ်က မျက်ရည်နဲ့သာ
သက်သေပြပါရစေတော့ ကျောင်းတော်ကြီးရေ ...
.
အမည်းရောင် ကတ္တရာလမ်းပေါ်က
လွယ်အိတ်တစ်လုံးနဲ့
အဖြူရောင် ခြေလှမ်းတွေ
ထေ့လှောင်ပြုံးမပါတဲ့
အချိုလွင်ဆုံးရယ်မောသံတွေ
မာယာနဲ့ ရောနှောရစ်သီမထားတဲ့
ကျစ်ဆံမြီးလှလှလေးတွေ
အားလုံးကို စူးနစ်ရင်ခုန်နေမိတုန်းပဲ ...
.
သက်တော်ကလန်ကလား
မှုတ်ထုတ်မိတဲ့ သက်ပြင်းတွေလဲ
ကောင်းကင်မှာ ကျပ်ခိုးဆွဲ
ဖျန်းခနဲ ပါးလာရိုက်ပြီး နှိုးတတ်တဲ့
စားဝတ်နေရေး
ပေါ့ဆိမ့်တစ်ခွက်၊ တေးတစ်ပုဒ်နဲ့
ဇိမ်ယူပြီးမှေးရတဲ့
မြေစိုက်လက်ဖက်ရည်ဆိုင်နားတောင်
မကပ်နိုင်တဲ့နေ့စွဲ
ကျွဲပါးတယောမတီးတော့တဲ့
နှိုးစက်နာရီတစ်လုံး
ဂရင်းဒေးရဲ့လက်ပစ်ဗုံးနဲ့ မူကွဲတဲ့
ဗမာ အီးဒီးယက်
စည်းကလနားတွေ ရိုက်ဖျက်
၁၉ ရာစုက ပဲရစ်မြို့ပျက်ကြီးထဲမှာပဲ
အိပ်စက်ရင်း အသက်ထွက်ချင်တယ် ...
.
ဒီထက်နက်တဲ့ ညတွေမှာ
လမ်းလယ်ကျွန်းပေါ်က
ဈေးခေါ်နေတဲ့ ညငှက်လေးလို
ကျောချမ်းစရာ ဆုတ်နစ်ယိုယွင်းမှုတွေနဲ့
နဖူးကြောတင်းနေတဲ့ အနုပညာရဲ့ မနက်ဖြန်ဟာ
ဘယ်လိုမှ စေ့စပ်ဖျန်ဖြေလို့မရတဲ့နောက်
အတိတ်မေ့ စကားလုံးတွေ သောက်ပြီး
မှိုတက်သွားတဲ့ အိပ်မက်ထဲ
လရိပ်ကို နမ်းရှိုက်ရင်း ပျံဝဲနေလိုက်တော့မယ်
ဒါ . . .
ကဗျာပွဲတော်ညရဲ့လေဟာနယ် ... ။ ။
.
#KLT


Comments
Post a Comment