အိပ်မက်နိုဝင်ဘာ
မိုးသားတိမ်တိုက်တွေ
သုတ်ခြေတင်ထွက်ပြေးသွားတဲ့နေ့က
နိုင်ဝင်ဘာကို ကျနော်တွေ့ခဲ့ရတယ် ...
နှင်းတွေအခဲလိုက်ကပ်နေတဲ့
အိမ်တံခါးကို လာခေါက်တော့
သွေးညှီနံ့ရတယ်
တံခါးဖွင့်ကြည့်လိုက်တဲ့အခါ
သူ့လက်ထဲ ရိုင်ဖယ်တစ်လက်
တစ်ကိုယ်လုံး နီမြန်းရွှဲစို
နိုဝင်ဘာရှုခင်းဟာ
ရင်ဘတ်ထဲ
နေအစင်းတစ်ရာ ဝင်လာသလို ...
အနှစ် ၂၀ ကျော် မော်ဖူးခဲ့ရတဲ့
ဓါတ်ပုံထဲက နိုဝင်ဘာဟာ
ကျနော့်ပုခုံးကို ပုတ်ပြီး
ဓါတ်ပုံထဲကအတိုင်း အေးစက်စက်အပြုံးနဲ့
ကျနော်ဘာပြန်ပြောရမှာလဲ
ဖြုန်းစားကြီးပါလား ... (ဒါမှမဟုတ်)
နှစ် ၂၀ ကျော်ပြီလေဗျာ ...
ပြောချင်နေတဲ့ စကားလုံးတွေ
လည်မြိုထဲ တွဲလဲခို
ခါကာပိုရာဇီတောင်ကြီး အနီးတစ်ဝိုက်နဲ့
ရိုးမတောင်တန်းတွေပေါ်
တစ်တောဝင် တစ်တောင်တက်
အဲဒီလက်ထဲက သေနတ်နဲ့
သုတ်သင်ခဲ့တဲ့လူသားတွေက
ဒီနိုင်ငံရဲ့ သွေးစက်တွေပါဗျာ
ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့
တောင်ယာ အလုပ်ကိုပစ်
လောင်ချာနဲ့ အေကေဆွဲကိုင်ရင်း
မျှော်လင့်ချက်မနက်ခင်းတွေ
ထွန်ယက်စိုက်ပျိုးနေကြတာ ....
ထားပါတော့
ခရီးပန်းလာသူကို
ကြမ်းတမ်းထက်ရှတဲ့စကားလုံးတွေနဲ့
အမောဆို့အောင် မလုပ်ရက်ဘူး
(လာပါ…အိမ်ထဲကိုဝင် )
အပြင်မှာ လေရိုင်းတွေ
အရိုး ခွဲထွက်မတတ်
အပူချိန် သုညဒီဂရီ ဆဲလ်စီးယက်အောက်
ဘယ်လောက်ရောက်နေမလဲ
ကျနော်မသိဘူး ...
သောက်လက်စခွက်ထဲ
ဂျေဒီ နှစ်ပတ်ငှဲ့ပြီး လှမ်းပေးလိုက်တယ်
ညစ်ထေးပေဟောင်းနေတဲ့ ဆိုဖါကြီးပေါ်
သူထိုင်ချလိုက်ရင်း
ဂေါ်ရင်ဂျီနည်းနဲ့
ကုန်အောင်မော့သောက်လိုက်အပြီး
နိုဝင်ဘာရဲ့ မျက်လုံးတွေက
သုတ်ခြေတင်ထွက်ပြေးသွားတဲ့နေ့က
နိုင်ဝင်ဘာကို ကျနော်တွေ့ခဲ့ရတယ် ...
နှင်းတွေအခဲလိုက်ကပ်နေတဲ့
အိမ်တံခါးကို လာခေါက်တော့
သွေးညှီနံ့ရတယ်
တံခါးဖွင့်ကြည့်လိုက်တဲ့အခါ
သူ့လက်ထဲ ရိုင်ဖယ်တစ်လက်
တစ်ကိုယ်လုံး နီမြန်းရွှဲစို
နိုဝင်ဘာရှုခင်းဟာ
ရင်ဘတ်ထဲ
နေအစင်းတစ်ရာ ဝင်လာသလို ...
အနှစ် ၂၀ ကျော် မော်ဖူးခဲ့ရတဲ့
ဓါတ်ပုံထဲက နိုဝင်ဘာဟာ
ကျနော့်ပုခုံးကို ပုတ်ပြီး
ဓါတ်ပုံထဲကအတိုင်း အေးစက်စက်အပြုံးနဲ့
ကျနော်ဘာပြန်ပြောရမှာလဲ
ဖြုန်းစားကြီးပါလား ... (ဒါမှမဟုတ်)
နှစ် ၂၀ ကျော်ပြီလေဗျာ ...
ပြောချင်နေတဲ့ စကားလုံးတွေ
လည်မြိုထဲ တွဲလဲခို
ခါကာပိုရာဇီတောင်ကြီး အနီးတစ်ဝိုက်နဲ့
ရိုးမတောင်တန်းတွေပေါ်
တစ်တောဝင် တစ်တောင်တက်
အဲဒီလက်ထဲက သေနတ်နဲ့
သုတ်သင်ခဲ့တဲ့လူသားတွေက
ဒီနိုင်ငံရဲ့ သွေးစက်တွေပါဗျာ
ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့
တောင်ယာ အလုပ်ကိုပစ်
လောင်ချာနဲ့ အေကေဆွဲကိုင်ရင်း
မျှော်လင့်ချက်မနက်ခင်းတွေ
ထွန်ယက်စိုက်ပျိုးနေကြတာ ....
ထားပါတော့
ခရီးပန်းလာသူကို
ကြမ်းတမ်းထက်ရှတဲ့စကားလုံးတွေနဲ့
အမောဆို့အောင် မလုပ်ရက်ဘူး
(လာပါ…အိမ်ထဲကိုဝင် )
အပြင်မှာ လေရိုင်းတွေ
အရိုး ခွဲထွက်မတတ်
အပူချိန် သုညဒီဂရီ ဆဲလ်စီးယက်အောက်
ဘယ်လောက်ရောက်နေမလဲ
ကျနော်မသိဘူး ...
သောက်လက်စခွက်ထဲ
ဂျေဒီ နှစ်ပတ်ငှဲ့ပြီး လှမ်းပေးလိုက်တယ်
ညစ်ထေးပေဟောင်းနေတဲ့ ဆိုဖါကြီးပေါ်
သူထိုင်ချလိုက်ရင်း
ဂေါ်ရင်ဂျီနည်းနဲ့
ကုန်အောင်မော့သောက်လိုက်အပြီး
နိုဝင်ဘာရဲ့ မျက်လုံးတွေက
ဆူဝေပြာလဲ့လို့
ပုခုံးပေါ်က ကြယ်ပွင့်တွေလည်း
ဘလက်ခ်ဟိုး ဖြစ်သွားပြီထင်ပါရဲ့ ...
ဒီလိုနဲ့ ... သူကမေးတယ်
(ဒါ . . . ဘယ်ကမ္ဘာလဲ)
ဒါလား ...
စက္ကန့်မခြားပြောင်းလဲရွေ့လျှားနေတဲ့ကမ္ဘာ
အိုင်ဒီယိုလော်ဂျီတွေ ကျကွဲသွားတဲ့ကမ္ဘာ
ဘုံအိမ်သာကို နှာခေါင်းရှုံ့တဲ့ကမ္ဘာ
ပြားနေတဲ့ ကမ္ဘာ
ရွာဖြစ်သွားတဲ့ ကမ္ဘာ
ပက်ထရိုမန်းနီးပိုင်တဲ့ လက်တွေက
မူလတန်းကျောင်းလေးဆောက်ဖို့ထက်
နျူလက်နက်ဝယ်ကိုင်ဖို့ကို ပိုပြီး
အာသာရမ္မက်ပြင်းပြနေတဲ့ကမ္ဘာ
အမှောင်လွှမ်းခေတ်တွေတုန်းကလိုပဲ
သံသယလှေခါးပေါ်လျှောက်နေရတဲ့အတိုင်း
တစ်ထစ်လေး ခလုတ်တိုက်မိရုံနဲ့
စစ်မျက်နှာဖြစ်ပြီး ပြာကျသွားနိုင်တဲ့ကမ္ဘာ
တိုက်ပွဲခေါ် ကြွေးကြော်သံတွေနဲ့
သူတစ်လူငါတစ်မင်း
မာနတွေ အားပြိုင်ရင်း
နှင်းတွေငိုခဲ့ရ
လူ့ယဉ်ကျေးမှုပန်းခင်းတွေ ပြိုပျက်ခဲ့ရသလို
အချိန်မရွေး
စစ်တလင်းပြန်ဖြစ်သွားနိုင်တဲ့ကမ္ဘာ ...
ပုပ်အိနေတဲ့ မြေကမ္ဘာရဲ့ အမှန်တရားတွေကို
သူ့ခေါင်းထဲ လောင်းထည့်ပေးလိုက်တော့
ဧည့်သည်ကြီး အဖျားတက်သွားတယ်ထင်ပါရဲ့
လေးလံတဲ့လှုပ်ရှားမှုနဲ့
ခေါင်းကို ဘယ်ညာလှည့်ရမ်းရင်း
စကားတစ်ခွန်းတည်းပြောပြီး ထပြန်သွားတယ်
(အဖေ ကမ္ဘာမှားပြီးလာခဲ့မိတယ် ) တဲ့ ... ။
#KLT
ပုခုံးပေါ်က ကြယ်ပွင့်တွေလည်း
ဘလက်ခ်ဟိုး ဖြစ်သွားပြီထင်ပါရဲ့ ...
ဒီလိုနဲ့ ... သူကမေးတယ်
(ဒါ . . . ဘယ်ကမ္ဘာလဲ)
ဒါလား ...
စက္ကန့်မခြားပြောင်းလဲရွေ့လျှားနေတဲ့ကမ္ဘာ
အိုင်ဒီယိုလော်ဂျီတွေ ကျကွဲသွားတဲ့ကမ္ဘာ
ဘုံအိမ်သာကို နှာခေါင်းရှုံ့တဲ့ကမ္ဘာ
ပြားနေတဲ့ ကမ္ဘာ
ရွာဖြစ်သွားတဲ့ ကမ္ဘာ
ပက်ထရိုမန်းနီးပိုင်တဲ့ လက်တွေက
မူလတန်းကျောင်းလေးဆောက်ဖို့ထက်
နျူလက်နက်ဝယ်ကိုင်ဖို့ကို ပိုပြီး
အာသာရမ္မက်ပြင်းပြနေတဲ့ကမ္ဘာ
အမှောင်လွှမ်းခေတ်တွေတုန်းကလိုပဲ
သံသယလှေခါးပေါ်လျှောက်နေရတဲ့အတိုင်း
တစ်ထစ်လေး ခလုတ်တိုက်မိရုံနဲ့
စစ်မျက်နှာဖြစ်ပြီး ပြာကျသွားနိုင်တဲ့ကမ္ဘာ
တိုက်ပွဲခေါ် ကြွေးကြော်သံတွေနဲ့
သူတစ်လူငါတစ်မင်း
မာနတွေ အားပြိုင်ရင်း
နှင်းတွေငိုခဲ့ရ
လူ့ယဉ်ကျေးမှုပန်းခင်းတွေ ပြိုပျက်ခဲ့ရသလို
အချိန်မရွေး
စစ်တလင်းပြန်ဖြစ်သွားနိုင်တဲ့ကမ္ဘာ ...
ပုပ်အိနေတဲ့ မြေကမ္ဘာရဲ့ အမှန်တရားတွေကို
သူ့ခေါင်းထဲ လောင်းထည့်ပေးလိုက်တော့
ဧည့်သည်ကြီး အဖျားတက်သွားတယ်ထင်ပါရဲ့
လေးလံတဲ့လှုပ်ရှားမှုနဲ့
ခေါင်းကို ဘယ်ညာလှည့်ရမ်းရင်း
စကားတစ်ခွန်းတည်းပြောပြီး ထပြန်သွားတယ်
(အဖေ ကမ္ဘာမှားပြီးလာခဲ့မိတယ် ) တဲ့ ... ။
#KLT



Comments
Post a Comment