" ကျေးဇူးကမ္ဘာ "
ထူးဂုဏ်ပြောင်မြောက်
နှလုံးသွေးဖောက်
ထက်ခေါင်ထွတ်ဖျား
ကလောင်သွားတို့ . . .
နှလုံးသွေးဖောက်
ထက်ခေါင်ထွတ်ဖျား
ကလောင်သွားတို့ . . .
ချွန်မြထက်ရှ
တက်ကြွထင်ရှား ၊ ကားစွင့်ဝင့်ထည်
ကြံချင့်သမျှတိုင်းလည်း
ခန့်သင့်တင့်တယ်လို့ . . .
အကြင်သူတို့ လွန်မွန်မြတ်လှ
ဝေစဉ်ခဏ
လင်းကြယှက်နွယ်
ရိုင်းပင်းသီကုံး ၊ အပြုံးကိုခြယ်
ကြွေဆုံးမြေမခ
ဝင်းပကြယ်တို့နှယ်. . . ။ ။
(ကျော်လင်းထွန်း)


Comments
Post a Comment