" ကကြိုးကိုင်သူ၏ လှကညာ "
ဟေး .. သူငယ်မ ၊
နီရဲနုဖပ်နေတဲ့ နေရောင်ခြည်တန်းကို
မကျေမချမ်းဖြစ်သလား . . .
အချစ်ဆိုတာ စားမြုံ့ပြန်စရာ ကဗျာတစ်ပုဒ်ပေါ့
ငိုချင်ရင်ငိုချလိုက်ပါ ၊
နှလုံးသားက စက်ပစ္စည်းမှမဟုတ်တာ . . .
သရိုးသရီဖြစ်နေတာတွေ ရပ်တန့်လိုက်ရင်ကောင်းမယ်ကွယ်
နင်ဟာအနားသတ်ရှိတဲ့ပင်လယ် ၊
ဘောင်မခတ်တတ်တဲ့ငါက နင့်အတွက်ဖြည်ဆည်စရာ
တစ်ခုတည်းသောကမ်းခြေ . . .
သူ့ကိုလွမ်းနေလည်း လုံးဝဥဿုံ မဖြုံဘူး ၊
ဒီရင်ထဲ ခိုနားရင်း နင့်ရဲ့ လှိုင်းဂယက်တွေနဲ့
ကြိုက်သလို ကျိန်ဆဲပစ်လိုက်
ကြိုက်သလို ပေါက်ကွဲပစ်လိုက်
တိမ်ထဲက လ မသာသေးသ၍တော့
ထွေးပိုက်ကာရံပေးထားနိုင်ရဲ့ . . .
အော် .. နေကွယ်တော့မယ်
လေပွေကဗ္ဗလာ ကကြိုးတန်ဆာကို
နုအိတောက်လျှမ်းနေတဲ့ အရေပြားထက် ဆင်မြန်းလို့
ညကလကာနောက်ဝယ် နှီးနွယ်သွယ်လျ
ခို့မူရိုင်းရှ ကရရှာလေအုံးမယ့်
ချစ်သော လှကညာရယ် . . . ။ ။
နီရဲနုဖပ်နေတဲ့ နေရောင်ခြည်တန်းကို
မကျေမချမ်းဖြစ်သလား . . .
အချစ်ဆိုတာ စားမြုံ့ပြန်စရာ ကဗျာတစ်ပုဒ်ပေါ့
ငိုချင်ရင်ငိုချလိုက်ပါ ၊
နှလုံးသားက စက်ပစ္စည်းမှမဟုတ်တာ . . .
သရိုးသရီဖြစ်နေတာတွေ ရပ်တန့်လိုက်ရင်ကောင်းမယ်ကွယ်
နင်ဟာအနားသတ်ရှိတဲ့ပင်လယ် ၊
ဘောင်မခတ်တတ်တဲ့ငါက နင့်အတွက်ဖြည်ဆည်စရာ
တစ်ခုတည်းသောကမ်းခြေ . . .
သူ့ကိုလွမ်းနေလည်း လုံးဝဥဿုံ မဖြုံဘူး ၊
ဒီရင်ထဲ ခိုနားရင်း နင့်ရဲ့ လှိုင်းဂယက်တွေနဲ့
ကြိုက်သလို ကျိန်ဆဲပစ်လိုက်
ကြိုက်သလို ပေါက်ကွဲပစ်လိုက်
တိမ်ထဲက လ မသာသေးသ၍တော့
ထွေးပိုက်ကာရံပေးထားနိုင်ရဲ့ . . .
အော် .. နေကွယ်တော့မယ်
လေပွေကဗ္ဗလာ ကကြိုးတန်ဆာကို
နုအိတောက်လျှမ်းနေတဲ့ အရေပြားထက် ဆင်မြန်းလို့
ညကလကာနောက်ဝယ် နှီးနွယ်သွယ်လျ
ခို့မူရိုင်းရှ ကရရှာလေအုံးမယ့်
ချစ်သော လှကညာရယ် . . . ။ ။
(ကျော်လင်းထွန်း)


Comments
Post a Comment