“အသက်ခြွှေတဲ့နွေ”
ပူလောင်တဲ့ ငါ့ရင်ကို. . .သူခွဲနေ
ကြွေမွလို့သွားခဲ့ပြီ
အကြိမ်ကြိမ်ပဲ
နောင်တနဲ့ ဒီအမုန်းတွေ ။
ငါမမုန်း ၊ နင်သတ်အုံး
အသုံးပြုစမ်းပါ
နွေလက်နက်အပြင်းဆုံးတွေ
ယူဆောင်ခဲ့
ရင်ဘတ်ကို လောင်မြိုက်စေ ။
နွေအတိတ်
မြင်ယောင်ရင်း
သစ်ပင်အို အဝေးဆီ
ကြွေလွင့်တဲ့ရွက်ဝါလို
လေပူထဲ ၊ လွင့်မျောပျံနေမိလေ ။
(ကျော်လင်းထွန်း)


Comments
Post a Comment