" ဆွံ့အမှုများ၏ အခြားဘက်၌ "
တစ်ကုတ်ကုတ် တစ်လှုပ်လှုပ်နဲ့
အတ္တဂျိုးကပ်နေတဲ့ စွပ်ပြုတ်အိုးကြီးထဲ
ဟိုရွေ့ဒီလျှား တစ်သွားတည်းသွားရင်း
ကျောပြာဉာဏ်မွဲ နေစေအုံးလော့
သူ့နှလုံးသားထဲ ကိန်းဝပ်နေတာ
လူ့သွေးတွေပါ . . .
ဘ၀ကို မြေပုံတွေဆွဲ
ဟိုကောက်ဒီကွေ့ စောင်းစွေ့သဘောထား
ဘယ်နောက်ကျောကို ဓားနဲ့ထိုးရမလဲ
ချိန်ကဲတွေးကြံနေသူတွေအကြား
ရောပြွန်းယှက်ထွေနေစေအုံးလော့
သူ့နှလုံးသားထဲ ကိန်းဝပ်နေတာ
လူ့သွေးတွေပါ . . .
စည်းမရှိတော့ ကမ်းပါပျောက်
နောက်ကျိပင်လယ်ထဲ သံလိုက်စက်ကွင်းတွေက
တောင်ရောက် မြောက်ရောက်နဲ့
ဖောက်သောက်မိတဲ့ မိုးခါးရေ
လီတာသန်းထောင်ချီရှိစေအုံးလော့
သူ့နှလုံးသားထဲ ကိန်းဝပ်နေတာ
လူ့သွေးတွေပါ . . .
ပဋိသန္နာရ စကားတစ်ခွန်း
နှစ်လိုဖွယ် အပြုံးတစ်ခုနဲ့
ဖော်ရွေပျူငှာတဲ့ လက်တစ်ကမ်းက
သူ့အတွက်တော့ ပဲရစ်မြို့ကြီးတစ်ခြမ်းရသလို
ပျော်ရွှင်စေမှာ အမှန်ပါပဲ
ဘာကြောင့်ဆို-
သူ့နှလုံးသားထဲ ကိန်းဝပ်နေတာ
လူ့သွေးတွေမို့ပါ . . . ။ ။
-ကျော်လင်းထွန်း-
အတ္တဂျိုးကပ်နေတဲ့ စွပ်ပြုတ်အိုးကြီးထဲ
ဟိုရွေ့ဒီလျှား တစ်သွားတည်းသွားရင်း
ကျောပြာဉာဏ်မွဲ နေစေအုံးလော့
သူ့နှလုံးသားထဲ ကိန်းဝပ်နေတာ
လူ့သွေးတွေပါ . . .
ဘ၀ကို မြေပုံတွေဆွဲ
ဟိုကောက်ဒီကွေ့ စောင်းစွေ့သဘောထား
ဘယ်နောက်ကျောကို ဓားနဲ့ထိုးရမလဲ
ချိန်ကဲတွေးကြံနေသူတွေအကြား
ရောပြွန်းယှက်ထွေနေစေအုံးလော့
သူ့နှလုံးသားထဲ ကိန်းဝပ်နေတာ
လူ့သွေးတွေပါ . . .
စည်းမရှိတော့ ကမ်းပါပျောက်
နောက်ကျိပင်လယ်ထဲ သံလိုက်စက်ကွင်းတွေက
တောင်ရောက် မြောက်ရောက်နဲ့
ဖောက်သောက်မိတဲ့ မိုးခါးရေ
လီတာသန်းထောင်ချီရှိစေအုံးလော့
သူ့နှလုံးသားထဲ ကိန်းဝပ်နေတာ
လူ့သွေးတွေပါ . . .
ပဋိသန္နာရ စကားတစ်ခွန်း
နှစ်လိုဖွယ် အပြုံးတစ်ခုနဲ့
ဖော်ရွေပျူငှာတဲ့ လက်တစ်ကမ်းက
သူ့အတွက်တော့ ပဲရစ်မြို့ကြီးတစ်ခြမ်းရသလို
ပျော်ရွှင်စေမှာ အမှန်ပါပဲ
ဘာကြောင့်ဆို-
သူ့နှလုံးသားထဲ ကိန်းဝပ်နေတာ
လူ့သွေးတွေမို့ပါ . . . ။ ။
-ကျော်လင်းထွန်း-


Comments
Post a Comment