"ဒဿနဆရာ၏ ကောင်းကင်အိမ်တော်သို့"
ယုံကြည်ချက်လက်တစ်ဆုပ်စာ ... ။
ဘဝပြဇာတ်ခုံထက်ကပြသွားပြီးမှ ရုံလျှံပြည့်နှက်သွားခဲ့ရတာပါ။ ယုံကြည်ချက်လက်တစ်ဆုပ်စာကို ရဖို့
ကျမ်းစာမျက်နှာအထပ်ထပ် သူဖတ်ခဲ့၊ သူရေးခဲ့၊ သူရှာဖွေတွေ့ရှိခဲ့သမျှနဲ့ ရဲရဲတောက်ဟစ်ကြွေးခဲ့ ... ။
သို့ပေမယ့်
လပေါ်သရေ အပေအတေရယ်လို့ (ဝိုင်းပြီး) သတ်မှတ်ခံခဲ့ရတာ ဝါကျင့်ကျင့်ထုံထိုင်းထိုင်း ... ဘဝစာမျက်နှာ
မာတိကာပိုင်းမှ နိဂုံးပိုင်းထိ ဇာတ်ဝင်ခန်းတိုင်းမှာပေါ့ .... ။
လူ့အရိုင်းအစိုင်းတွေနဲ့တွေ့တိုင်း ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ သူခေါင်းငုံခံခဲ့ရတဲ့ စက်စုတ်ဖွယ်နေ့စွဲများလည်း သူ ရှိခဲ့။ ဒဿနငတ်မွတ်မှုအတွက် ဘဝကို အစိတ်စိတ်ပိုင်း ... လူ့အန္ဓတွေ ဝိုင်းသတ်မှတ်ပစ်လိုက်တဲ့ အလဟဿဆိုတဲ့ သူ့ရဲ့နေ့ရက်တွေထဲ လူသားမျိုးနွယ်တစ်ခုလုံး စားသုံးနိုင်ဖို့ ဖတ်ဖတ်မောအောင် ဒဿနအညွန့်အခတ်တွေခူး

အဲဒီလိုသူတစ်ထူးအတွက် နောက်ဆုံးလက်ဆောင်ဟာ အဆိပ်ခွက်လား .... ။
မီးစာကုန်ဆီခမ်းခဲ့ပေမယ့် သူစိုက်ခဲ့တဲ့ပန်းတွေက ကမ္ဘာနဲ့တစ်ဝန်း လွှမ်းခြုံပိုက်ထွေး သင်းထုံသာမွှေးသွားခဲ့ပေါ့။
ဟော !
သူ့ဘဝရဲ့ စာမျက်နှာပလီစိချောက်ချက်တွေကို ဝိုင်းဖတ်နေကြပြန်ရဲ့လေ။ ဘာရယ်ညာရယ်မဟုတ်၊
ကောင်းကင်ဘုံအတွက် ဟာသတစ်ပုဒ်ရယ်ပါ .... ။
#KLT

'Socrates' by Alberto Ballocca

Comments
Post a Comment