" နောက်ဆုံးနေ့ "
ရက်စက်တဲ့ အပူဒဏ်က
လူသားရဲ့ အသိဉာဏ် နဲ့အရာအားလုံးကို
ဝါးမျိုပစ်ခဲ့ပြီ . . .
လူသားရဲ့ အသိဉာဏ် နဲ့အရာအားလုံးကို
ဝါးမျိုပစ်ခဲ့ပြီ . . .
နေမင်းရဲ့ အလယ်မှာ ဘာတွေလောင်ကျွမ်းနေမလဲ
စစ်သီချင်းဖွဲ့ သီဆို လူတို့သတ်ပွဲ
ငိုကြွေးခြင်းနဲ့ လောင်နေတဲ့ ဒီကမ္ဘာမှာရော
စိတ်မချမ်းမြေ့ခြင်းနဲ့အတူ
ကြည်လင်တဲ့ရေလည်းရှားပါးခဲ့ပြီ...
(၂၁) ရာစုရဲ့ အညတရ လူသားဖြစ်အုံးလော့
ငါ့နှလုံးသားကိုတော့ ဖြူစင်သန့်ရှင်းခြင်တယ်...
ယာခင်းများထဲ ယမ်းငွေ့တွေ အကြိမ်ကြိမ်ဖုံးလွှမ်း
ကန္တာရ အဖြစ်နဲ့ ကောင်းကင်မှာ သဲတွေနစ်ဖုံး
ရေဆိုးမြောင်းများ သမုဒ္ဒရာကြီးအဖြစ်ပြောင်းသွား...
ငါမမြင်ရတော့ဘူး အက်ဆစ်မိုးရေတွေလွှမ်း
ဘယ်ဆီပုန်းရမလဲ ကမ္ဘာငိုသံ ငါကြားဆဲ
ဒီအချိန် ငါတစ်ယောက်တည်းလား
ဒီထိတ်လန့်ခြင်းက ကယ်တင်သူရယ်မရှိ ... မရှိတော့ဘူးလား...
ဘယ်နတ်ဆိုးများ နင်းခြေလဲ
ကမ္ဘာဟာပြိုကွဲသွား ခဏတာပဲ...
နေ နဲ့ ငါ့ ကြား အလင်းနှစ်ခြားနားမှုတွေ လျော့ပါးလာချိန်
အပျက်အစီးများကြားထဲ ပြန်ရှာဖွေမိနေ
လောကရဲ့ နိယာမဟာ ဝေဒနာတွေချည်းလေ...။ ။
(ကျော်လင်းထွန်း)


Comments
Post a Comment