“နှင်းဖြူတဲ့ဆောင်း”
နှင်းပေါက်က တစ်ဖြောက်ဖြောက် ကြွေလူးနေတော့
ဒီဇင်ဘာ အသက်ပြန်ဝင်လာတာ ငါသိလိုက်တယ်
လင်းခဲ့ဖူးသမျှ မနက်ခင်းတွေထဲ
ဒီနေ့မနက်ခင်းက ထူးခြားနေဆဲ
အဖြူရောင်ဆောင်းလို့ပဲ ငါသတ်မှတ်တယ် ...
.
ဒီနှစ်ကျတဲ့နှင်းမှာ
ကောင်းမြတ်ခြင်း ၊ ကြည်လင်သန့်ရှင်းခြင်းတွေ
ကပ်ငြိနေတယ်
အဆိပ်ငွေ့နဲ့ ယမ်းညှော်တွေ
ဘယ်မှာခြေရာဖျောက်ခဲ့လဲ နှင်း ...
.
ကောင်းကင်ဘုံက
လယ်သမား တဲ ခေါင်မိုးပေါ်ရော ရောက်သေးလား
အဲ့မှာသူ ‘ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ ...’ သီချင်းကို
ခံပြင်းတဲ့ နှလုံးသားနဲ့ ဆိုနေတုန်းပဲလား -
ဖောက်သည်ချပါအုံး နှင်းရေ ...
.
ကမ္ဘာ့ဆွဲအားကို တွန်းလှန်ရဲတဲ့ဇွဲမာန်မျိုး
ဒီနှစ်နှင်းမှာပဲ ရှိတယ်
ငွေလမင်းရဲ့ ဖြူစင်ခြင်းက နှင်းနဲ့ယှဉ်တော့
ဟိုး . . . ခြေတော်ရင်းမှာသာ လင်းဖြာနေရရှာပေါ့
.
အယောင်ဆောင်ကောင်းကင်ပြာကို
ဆွဲခွာဆုတ်ဖြဲပစ်ဖို့
နှင်းဟာ ပြင်းထန် ဆာလောင်နေ . . .
အေးငြိမ့်လှိုက်ဖိုဖွယ် တေးသွားအလိုက်လို
ဆွတ်ပျံ့ကြည်နူးစရာ မကောင်းပေမယ့်
ဒီခေတ်ဒီသမိုင်းရဲ့ လှိုင်းဂယက်တွေက ရိုက်ခတ်ကြတော့
အတူစီးမျောနေမိရက်သား ...
.
ဖျော့တော့နေခြည်တန်းနဲ့ မြူခိုးလမ်းအကြားမှာ
နှင်းက ဝေ့ပျံဝဲနေလိုက်တာများ
ဘုရားသခင်ရဲ့ တန်ခိုးပြာဋိဟာအလား ...
.
ဆင်ခြင်တုံတရားရေ ၊ ငါ့အားကယ်တင်အုံးလော့
ငါ့နှလုံးသားသွေးနီပုပ်တွေနဲ့ ညစ်ပတ်စိုလူးကုန်မှဖြင့်
မဖြစ်ဘူး ...
ဂျင်းဂျာကင်တစ်ထည်ဝတ်ပြီး
ငါ့ရင်ဘတ်ကို ဇစ်ဆွဲထားရလိမ့်မယ်
အရမ်းအေးလို့ပါ နှင်းရယ် ... ။ ။
.
#KLT

Comments
Post a Comment