"အရှည်ဆုံးည"
မျှော်လင့်ခြင်းကမ်းနားမှာ မြေသြဇာတွေခမ်းခြောက်ပြီး
ယုံကြည်ချက် အမြစ်အကိုင်းအခတ်တွေသေဆုံး ...
ရေဖုံးလွှမ်း အံ့ဆဲဆဲ ကန္တာရနှလုံးသားထဲ
ကိုယ့်ကံကိုယ် မယုံရဲတော့လောက်အောင်
သတ္တိတွေပြိုလဲ . . .
.
စာနာတတ်တဲ့ ရင်ဘတ်တစ်စုံကို နယ်ခြားစည်းတွေ
လွဲမှားမှုများစွာနဲ့ ပိုင်းကန့်လိုက်ကြအပြီး
ဒီခရီးကို တကွဲတပြား လျှောက်နေလိုက်တာ
ကျောပြင်တွေကြား ကျန်ရစ်ခဲ့တဲ့လေဟာနယ်မှာ
သိပ်သည်းဆတွေ ဖရိုဖရဲ . . .
.
ဒီအချိန်ငိုနေလဲ မျက်ရည်လည်ရွှဲရုံပေါ့
အပြန်အလှန်ချော့ဖို့ စကားလုံးတွေပျောက်ရှနေကြ
ပါးလျတဲ့ ဝတ်ရုံလွှာ
ဘယ်လိုပဲ အထပ်ထပ်ကာထား
ချမ်းစိမ့်အေးမြနေတဲ့ညရဲ့ အလျားက
နာကျင်သိမ့်ခါ နှုတ်ခမ်းပွင့်လွှာတစ်စုံကို
ဒဏ်ခတ်ပစ်လိုက်ပြီး
ပြင်းပြနာထန်စေခဲ့တယ် ... ။ ။
.
#KLT
ယုံကြည်ချက် အမြစ်အကိုင်းအခတ်တွေသေဆုံး ...
ရေဖုံးလွှမ်း အံ့ဆဲဆဲ ကန္တာရနှလုံးသားထဲ
ကိုယ့်ကံကိုယ် မယုံရဲတော့လောက်အောင်
သတ္တိတွေပြိုလဲ . . .
.
စာနာတတ်တဲ့ ရင်ဘတ်တစ်စုံကို နယ်ခြားစည်းတွေ
လွဲမှားမှုများစွာနဲ့ ပိုင်းကန့်လိုက်ကြအပြီး
ဒီခရီးကို တကွဲတပြား လျှောက်နေလိုက်တာ
ကျောပြင်တွေကြား ကျန်ရစ်ခဲ့တဲ့လေဟာနယ်မှာ
သိပ်သည်းဆတွေ ဖရိုဖရဲ . . .
.
ဒီအချိန်ငိုနေလဲ မျက်ရည်လည်ရွှဲရုံပေါ့
အပြန်အလှန်ချော့ဖို့ စကားလုံးတွေပျောက်ရှနေကြ
ပါးလျတဲ့ ဝတ်ရုံလွှာ
ဘယ်လိုပဲ အထပ်ထပ်ကာထား
ချမ်းစိမ့်အေးမြနေတဲ့ညရဲ့ အလျားက
နာကျင်သိမ့်ခါ နှုတ်ခမ်းပွင့်လွှာတစ်စုံကို
ဒဏ်ခတ်ပစ်လိုက်ပြီး
ပြင်းပြနာထန်စေခဲ့တယ် ... ။ ။
.
#KLT


ReplyDeleteကျောပြင်တွေကြား ကျန်ရစ်ခဲ့တဲ့လေဟာနယ်မှာ
သိပ်သည်းဆတွေ ဖရိုဖရဲ . . .
အရှည်ဆုံးညတွေကို ခြောက်ခြားသွေးပျက်စွာနဲ့ တစ်ယောက်တည်း ကျော်ဖြတ်ခဲ့ဘူးပါရဲ့ကွယ်... :(