" ရှေးရှုကြလော့ "
သွားစမ်းပါ ... လျော့ရိလျော့ရဲ ပဋိညာဉ်တွေ
ငါကလည်း ကိုယ့်ရှေ့မှာ
ခွေးတစ်ကောင်ကို နှိမ်ရင်တောင်မှ မကျေနပ်
(ဒရ၀မ်ထက် အစာဝအောင်ကြွေးထားပြန်ရင်လည်း
ပိုလို့တောင်မှ အမြင်ကတ်)
လောကကြီးကိုက ခက်တယ်
အဲ့လိုလူတွေများ လက်ခံထားနေဘိနော်
ငါသာဆို ဝေရာမဏိပဲ...
စောင်ချိတ်ဆဲရေးပြီး
စင်္ကြာဝဠာရဲ့ အပြင်ဘက် ဟိုး အဝေးကြီးမှာ
တဲ လေးပဲထိုးပြီးနေရ နေရ
နောက်ဆုံး အသေတော့ လှတယ်။
ငါကလည်း ကိုယ့်ရှေ့မှာ
ခွေးတစ်ကောင်ကို နှိမ်ရင်တောင်မှ မကျေနပ်
(ဒရ၀မ်ထက် အစာဝအောင်ကြွေးထားပြန်ရင်လည်း
ပိုလို့တောင်မှ အမြင်ကတ်)
လောကကြီးကိုက ခက်တယ်
အဲ့လိုလူတွေများ လက်ခံထားနေဘိနော်
ငါသာဆို ဝေရာမဏိပဲ...
စောင်ချိတ်ဆဲရေးပြီး
စင်္ကြာဝဠာရဲ့ အပြင်ဘက် ဟိုး အဝေးကြီးမှာ
တဲ လေးပဲထိုးပြီးနေရ နေရ
နောက်ဆုံး အသေတော့ လှတယ်။
လူတွေများ အတော်မောက်မိုချဲ့ကား
သူများအပေါ်လည်းမှီမိုးနေသေး
သူများအသေဆိုးနဲ့သေအောင်လည်း
အဆိပ် ဆဲလ် တွေဖြန့်နေသေးပါရော့လား . . .
နောက်များဆို နယူးကလီးယားက
သမုဒ္ဒရာပင်လယ်ပြာပြာတွေနဲ့
တစ်သားတည်း ဖြစ်သွားလိမ့်မယ်စိုးရတယ် . . . ။ ။
(ကျော်လင်းထွန်း)


Comments
Post a Comment