" အိမ် "
ပန်းငုံဖူးငယ်လို ချစ်ဖွယ်သော နှမ
စူးကိုယ်မှာ ထူးညိုပအောင်
ယူစရာ ပညာ ရှာသိုမှီးလေဖို့
ဌာနီရပ်ရွာ မိဘယာကို
စွန့်ကာတစ်လီ
ခွဲခွာရပေပြီတကား . . .
အေးလေ .. သူ့လမ်း ငါ့လမ်းနဲ့
ခြသွားလမ်းများအကြား
ပညာရေး အလင်းတံခါး
ပိန်းပိန်းပိတ် မှောင်မိုက်ေ၀၀ါးခဲ့တဲ့
ဒို့ပြည်ထောင်စုတစ်လွှားမှာ
ဘယ်ကလာလို့
အတိုးတက်ဆုံးပညာရေး
ရှိနိုင်ပါအံ့နည်း . . .
သို့ကလို ဆိုသော်ငြားလည်း
တိုင်းတစ်ပါးမှာ အားစိုက်ကြိုးစားပြီး
ပညာရဲရင့် ပြည့်တင်းရင်တော့ဖြင့် ...
အမိတိုင်းရင်ခွင်ကို ပြန်ဝင်ခိုနားလို့
မွန်မြတ်စိတ်ထားရှိတဲ့ (ချစ်နှမ)
ညယမင်းဧကရီရဲ့ စုတ်ချက်များနဲ့အတူ
လှအဆင်းအလျှံညီအောင်
မြန်ပြည်သစ်ရဲ့ သမိုင်းရွှေပန်းချီကားချပ်မှာ
တစ်ခန်းတစ်ပါဒ
ပါဝင်ခြယ်သပါအုံးလို့ ...
ဆိုင်းမဆင့် ပတ်မပျိုး
အမျိုးသားရေးအလို့ငှာ
တိုးညှင်းဆို့အက်စွာ
တောင်းပန်ဝပ်တွား
အမှာကဗျာပါးအပ်ပေသည် ... ချစ်သောနှမ ။ ။
ကျော်လင်းထွန်း
စူးကိုယ်မှာ ထူးညိုပအောင်
ယူစရာ ပညာ ရှာသိုမှီးလေဖို့
ဌာနီရပ်ရွာ မိဘယာကို
စွန့်ကာတစ်လီ
ခွဲခွာရပေပြီတကား . . .
အေးလေ .. သူ့လမ်း ငါ့လမ်းနဲ့
ခြသွားလမ်းများအကြား
ပညာရေး အလင်းတံခါး
ပိန်းပိန်းပိတ် မှောင်မိုက်ေ၀၀ါးခဲ့တဲ့
ဒို့ပြည်ထောင်စုတစ်လွှားမှာ
ဘယ်ကလာလို့
အတိုးတက်ဆုံးပညာရေး
ရှိနိုင်ပါအံ့နည်း . . .
သို့ကလို ဆိုသော်ငြားလည်း
တိုင်းတစ်ပါးမှာ အားစိုက်ကြိုးစားပြီး
ပညာရဲရင့် ပြည့်တင်းရင်တော့ဖြင့် ...
အမိတိုင်းရင်ခွင်ကို ပြန်ဝင်ခိုနားလို့
မွန်မြတ်စိတ်ထားရှိတဲ့ (ချစ်နှမ)
ညယမင်းဧကရီရဲ့ စုတ်ချက်များနဲ့အတူ
လှအဆင်းအလျှံညီအောင်
မြန်ပြည်သစ်ရဲ့ သမိုင်းရွှေပန်းချီကားချပ်မှာ
တစ်ခန်းတစ်ပါဒ
ပါဝင်ခြယ်သပါအုံးလို့ ...
ဆိုင်းမဆင့် ပတ်မပျိုး
အမျိုးသားရေးအလို့ငှာ
တိုးညှင်းဆို့အက်စွာ
တောင်းပန်ဝပ်တွား
အမှာကဗျာပါးအပ်ပေသည် ... ချစ်သောနှမ ။ ။
ကျော်လင်းထွန်း


Comments
Post a Comment