“အားသစ်”


အချိန်ဘယ်လောက် ယူရမလဲ
 
ကဗျာတွေနဲ့အတူ ပျော်ဝင်နစ်မွန်းနိုင်ဖို့ . . .
 
လူဆိုတာနေတတ်ဖို့ထက် ၊ အသေတတ်ဖို့ခက် ။



အေး . . .

အနေမမြတ်ဘဲနဲ့လဲ

သေရင် သုဂတိမလားဘူး ၊

နေမြင့်ပေမယ့် ငါမရှုး

ရင့်ကျက်တည်ကြည်မှုတွေ တောက်ကျူးလို့

ငါတစ်ယောက် အနေတတ်ခဲ့ပြီ . . .။



လောကကိုဘာမထီ

မာနတိမ်သလာ အဆီဖုန်းနေတဲ့

မျက်လုံးတွေလဲ ငါမကြောက်တော့ . . .

ဗလာနှလုံးသားမှာ အထာအပြုံးနုနဲ့

ရင်ခုန်သံအတုတွေကိုလည်း

ငါ့နားထဲခုနေတာကြာပေါ့ ။



ငါ့ရင်ကိုတူပြီး စိုက်ခဲ့တဲ့ ကဗျာဆိုတဲ့ပန်း

စူးမယ်မှန်းသိရက်နဲ့ ဆက်ပျိုးနေတုန်းပဲ ၊

မှားတယ်လို့ ဆိုကြအုံးမလား

အဲဒါ . . .

သန့်ရှင်းမွှေးပျံ့နေတဲ့ သင်းရနံ့ကို

တအားချစ်ခဲ့မိလို့ပါ . . .။



တမလွန်က ရှိရှိသမျှ

ကဗျာဂုရုကြီးများ ခင်ဗျာ . . .

မနက်ဖြန်များကို

ရင်ကော့ခေါင်းမော့ပြီး စီးချင်းထိုးနိုင်ဖို့

အားသစ်လေးများရှိရင်

ပေးသနားလှည့်ပါ . . . ။            ။

(ကျော်လင်းထွန်း)

Comments