" ကကြိုးကိုင်သူ "

ဟေး .. သူငယ်မ
နီရဲနုဖပ်နေတဲ့ နေရောင်ခြည်တန်းကို
မကျေမချမ်းဖြစ်သလား . . .

အချစ်ဆိုတာစားမြုံ့ပြန်စရာ ကဗျာတစ်ပုဒ်ပေါ့
ငိုချင်ရင်ငိုချလိုက်ပါ
နှလုံးသားက စက်ပစ္စည်းမှမဟုတ်တာ . . .

သရိုးသရီဖြစ်နေတာတွေ ရပ်တန့်လိုက်ရင်ကောင်းမယ်ကွယ်
နင်ဟာအနားသတ်ရှိတဲ့ပင်လယ်
ဘောင်မခတ်တတ်တဲ့ငါက နင့်အတွက်ဖြည်ဆည်စရာ
တစ်ခုတည်းသောကမ်းခြေ . . .

သူ့ကိုလွမ်းနေလဲ လုံးဝဥဿုံ မဖြုံဘူး
ဒီရင်ထဲ ခိုနားရင်း နင့်ရဲ့ လှိုင်းဂယက်တွေနဲ့
ကြိုက်သလို ကျိန်ဆဲပစ်လိုက်
ကြိုက်သလို ပေါက်ကွဲပစ်လိုက်
တိမ်ထဲက လ မသာသေးသ၍တော့
ထွေးပွေ့ကာရံပေးထားနိုင်ရဲ့ . . .

အော် .. နေကွယ်တော့မယ်
လေပွေကဗ္ဗလာ ကကြိုးတန်ဆာကို
နုအိတောက်လျှမ်းနေတဲ့ အရေပြားထက် ဆင်မြန်းလို့
ညကလကာနောက်ဝယ် နှီးနွယ်သွယ်လျ
ခို့မူရိုင်းရှ ကရရှာလေအုံးမယ့် ချစ်သော လှကညာရယ် . . . ။           ။

(ကျော်လင်းထွန်း)

Comments