“ခေါင်းစဉ်မဲ့ မိုးကုပ်စက်ဝိုင်း"

နူးညံ့သိမ်မွေ့တဲ့
အချစ်တစ်ခုမှာ
ဖွင့်ဟဝန်ခံချက်မလိုဘူး

အဲဒီအချစ်အတွက်
ပူလောင်မှုတွေဖြစ်ဖို့မလိုဘူး

နှလုံးသားမှာ ခံစားပြီး
သူ့နာမည်ကိုဖွဖွရေရွတ်ရုံနဲ့
နှုတ်ခမ်းဖျားက အလိုလို
ပြုံးသွားတတ်ဖို့ပဲလိုတယ်

ကိုယ်သူ့ကို တစ်ခါတစ်ခါ
တင်းတင်းကျပ်ကျပ် ဖက်ထားမယ်
တစ်ခါတစ်ခါတော့
သူ့ပုခုံးစွန်းကို ကိုယ်နမ်းမှာပေါ့

တစ်ခါတစ်လေလည်း
သူ့လက်ဖဝါးထဲ ကိုယ့်လက်ဖဝါး
ဝင်နားပြီး ဆုပ်ကိုင်ထားရင်း
အဲဒီ သူ့ပုခုံးစွန်းလေးပေါ်ပဲ
ခေါင်းမှီထားချင်သေးတာ

တစ်ခါတစ်ခါတော့လည်း
မြက်ခင်းစိမ်းပေါ် ကျောတင်
သူ့ပေါင်ကို ခေါင်းအုံးလုပ်
အိပ်ချင်မိရုံပါ

အဲဒါပါပဲ .... ။

#K
#KLT

(Merged on 15/Sep/2021)

   



Comments