#SUICIDE
ကျောခိုင်းလိုက်ရတဲ့ ခြေလှမ်းတိုင်းက
နာနာကျင်ကျင် ကြေကွဲရသလို၊
မင်းအကြောင်း အိပ်မက် မက်ခွင့်မရှိတဲ့
ညနက်တိုင်းက အဓိပ္ပာယ်မဲ့။
သန်းခေါင်ယံချိန်ထိ အိပ်မပျော်နိုင်သူအတွက်
ညရဲ့ ဘယ်အရာကို ခံစားခွင့်ရှိပါသလဲ။
အတွင်းနက်နက်ထိလှိုက်စားတဲ့
နာကျင်စရာတွေသာ ပိုတိုးလာတော့
အပေါ်ယံဒဏ်ရာတွေကိုဆို
ကိုယ့်စိတ်က အမှုမဲ့ အမှတ်မဲ့။
မပြတ်သားနိုင်တဲ့ ဒီရင်ဘတ်က
မင်းအကြောင်းတွေးတိုင်း
အခါခါ သေတယ်။
လွမ်းဆွတ်နေရသူရဲ့ ကောင်းကင်မှာ
ကြယ်တွေကလည်း
လင်းတလှည့် မှိန်တလှည့်။
လရောင်နဲ့ တောက်ပရမဲ့ လပြည့်ညက
မိုးတိမ်မည်းမည်းအောက်
လမ်းပျောက်နေလေရဲ့။
ရင်ဘတ်နက်နက်ထိ ရတဲ့ဒဏ်ရာ၊
သေမယ်ဆိုသေပါစေတော့။
မင်းအကြောင်းဆိုရင်အမှတ်တမဲ့
မနေတတ်တဲ့ ငါက------
ကျောခိုင်းသွားတဲ့ ခြေလှမ်းတွေကို
စက္ကန့်တိုင်း သတိတရ။
အခုချိန်ထိလည်း ငါက------
ကိုယ့်ကိုကိုယ်
သတ်သေနေတဲ့ သူပါပဲ။
#K



Comments
Post a Comment