"၉၀ ပြည့်လွန် အတွေးစများ"
ဒီအုတ်ခုံလေးလိုပါပဲ။ နှစ်တွေ ကြာလာမယ်၊ ရေညှိတွေတက်လာမယ်။ ဒီလမ်းမနံဘေး တစ်ဘက်တစ်ချက်က သစ်ပင်တွေလည်း အရင်လိုမထွားကြိုင်းတော့ဘူးလေ။
ခေတ်တွေအထပ်ထပ်ပြောင်းလာပေမယ့် အိမ်နံပါတ်တွေက သိပ်မပြောင်းဘူး။ မီတာပုံးတွေသာ အသစ်လဲရင်လဲမယ်။ မီတာခပေးရတဲ့ ပုံစံက ပြောင်းဖို့ လွယ်ခဲ့လို့လား။
လူသားတွေ အားလုံး တိုးတိုးတိုက်တိုက်နဲ့ပေါ့။ ကမ္ဘာကြီးက အသက်ရှူရ ပိုပို ကြပ်တည်းလာခဲ့တယ်။
ဟိုးတစ်နေ့ကပေါ့၊ ကျနော် ပလက်ဖောင်းတွေပေါ်မှာလေ၊ လူတွေအကြောင်းစဉ်းစားတယ်။ သူတို့ရဲ့ စိတ်ထဲက စကားလုံးတွေကို ကိုယ်တိုင် လိုက်ပြီး ရေရွတ်ကြည့်တယ်။ ကုန်းတံတားတွေအောက်ကို ရောက်ခဲ့တယ်။ နာမည်ကြီး မြို့နယ်တွေမှာ ဟို၀င်ဒီထွက်။
ခေါင်းငိုက်စိုက်နဲ့ ဖုန်းကို သဲကြီးမဲကြီး ပွတ်နေတဲ့ လူငယ်လူကြီး အရွယ်စုံကို ကြည့်ငေးနေတဲ့ ရေခဲရေရောင်းတဲ့ အဒေါ်ကြီးတစ်ယောက်ကိုလည်း တွေ့သေးတာပေါ့။
ကော်ဖီယဉ်ကျေးမှုနောက်ကို ကျနော်တို့က ပြေးလိုက်ရင်း အမေ့ ထမင်းကြော်ကို မတွယ်တာမိတဲ့အခါမျိုးတွေအကြောင်း စဉ်းစားတဲ့အခါ၊ မနက် ၉ နာရီကျော်ရင် လက်ဖက်ရည်ဆိုင်တွေဟာ အီကြာကွေးမရတော့ဘူး။
အားလုံးဟာ အလောသုံးဆယ်။
ဘာမှန်းမသိတဲ့ အရာကြီးနောက်ကို အားလုံးတက်ညီလက်ညီ စီးလိုက်နေကြတယ်။ မျောပါနေကြတယ်။ ကျနော်လည်း ကိုယ့်ကိုယ်ကို ပြန်ရှာဖို့ ကြိုးစားကြည့်တယ်။ ရေကူးကန်ကြီးကို ငေးခဲ့တယ်။ ဆေးရုံကြီးဘေးက အနံ့ဆိုးတွေကို တိုးထွက်ခဲ့တယ်။
သက်သောင့်သက်သာ နေ့လည်ခင်းဆိုတာ ပြတိုက်ထဲမှာ ရှာရတော့မယ့် အဖြစ်ပဲ။
တောင်တောင်အီအီ တွေးချိန်မရဘူး။ တွေးလိုက်မိပြန်ရင်လည်း နောက်တစ်နေ့မိုးလင်းသွားရော။ ဒီလိုနဲ့ ကျနော်တို့ ငယ်ငယ်ကလို့ ပြောမယ်လုပ်တော့ ကျနော်တို့ဟာ ဘယ်လောက်အထိ ငယ်နိုင်မှာလဲ။
လေးဘီးကား ငွေလေးထောင် မပြည့်တပြည့်ခေတ်မှာ လူဖြစ်ပြီဆိုပေမယ့် လူမှန်းမသိသေးဘူး မဟုတ်လား။
“ဒီမြေဟာ ငါတို့မြေ မြန်မာဘိုးဘွားတို့မြေ ... ဒီမြေဟာ ငါတို့မြေ ... မြန်မာပိုင်ဘိုးဘွားတို့ အမွေ ...”
“ဒီအဖြစ်မျိုးတော့ မကြုံချင်ဘူးလေ ... အခြေအနေအရပ်ရပ်ကို …”
မနက်ခင်းအာဂျန်ဒါက ဒီလိုလာတယ်။ ဂျပန်စက်ဘီးလေးကို စီးတယ်။ ဖက်နဲ့ ထုပ်ထားတဲ့ ထမင်းသုပ်၊ ခေါက်ဆွဲသုပ်စားတယ်။ စျေးထဲမှာ ပရစ်ကို ၁၂ ရာသီ အလေးချိန်နဲ့ ၀ယ်လို့ရတယ်။
ငါးခူ၊ ငါးပတ်၊ ငါးဒန်၊ ငါးရံ့ အကုန်စျေးပေါတယ်။ ကျွဲကော်သီး မစားချင်အဆုံး။ ဖရဲ၊ သြဇာ၊ ကဗ္ဗလာ အရသာက ရှယ်ဖြစ်နေရမယ်။ ဒါ ၁၂ ရာသီပတ်လုံး။
သီတင်းကျွတ်ရောက်တော့မယ်။
သီတင်းကျွတ်နားနီးရင် လေးလေး မောင်သိန်းကြည်ကို သတိရတယ်။ သူ မဆုံးပါးခင် လပိုင်းအလို သီတင်းကျွတ်ကာလပေါ့လေ၊ ကျနော့်ကို ကြေးစည်လေးရယ်၊ ပစ်တိုင်းထောင်လေးရယ် လိုက်၀ယ်ပေးဖူးတယ်။
သူက လူတစ်မျိုး၊ ဂီတသမား၊ ငြိမ်းအေးမှုကို ခုံမင်သူ၊ ကျနော် သေနတ်ပူဆာရင် သူ မကြိုက်ဘူး။ နောက်တော့ အရက်သောက်တာများ၊ အသည်းကျွမ်းပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ တိမ်းပါးသွားတယ်။
အနံ့အသက်နဲ့ အချိန်ကာလ၊ ဌာနန္တရတွေ ဖြစ်ရပ်ချင်းရာ၊ လူပုဂ္ဂိုလ်တွေဟာ ယှဉ်တွဲမှတ်မိနေတတ်တယ်။
ဘဝတွေကို ဖတ်တယ်။ နှလုံးသားတွေကို နားထောင်တယ်။ ကျနော် ဖတ်လို့၊ နားထောင်လို့ မဝသေးဘူး။ဘယ်တော့မှလည်း ၀မှာမဟုတ်ဘူးလေ။
မိုးလေးတစ်ဖြောက်နှစ်ဖြောက်ကျပြီဆို ချည်စောင်ပါးပါး၊ အပြန့်ကျယ်ကျယ်ကြီးထဲ ၀င်ကွေးပြီး နေရတာ သတိရတယ်။ ငါးပိရည်ကြို သန့်သန့်ကောင်းကောင်း စားချင်တယ်။
မိုးရေတွေ တစ်နှစ်ပတ်လုံး ဖြည့်ထားတဲ့ စဉ့်အိုးကြီးတွေလည်း မမြင်ရတာ ကြာပြီ။ နတ်ပန်းရော၊ နှင်းပန်းနဲ့ မီးကွင်းဂမုံးရော။
ကျနော်တို့က ဘာမှန်းမသိတဲ့ ဒရောသောပါးအရာတွေထဲ အပြေးလိုက်နေရရင်း ကျနော်တို့ ဝိညာဉ်ရဲ့ တစ်စိတ်တစ်ဒေသဟာ တချို့နေရာတွေမှာ ကျကျပြီး ကျန်နေရစ်တာမျိုးပေါ့။
ပါဝါရိန်းဂျား အနီကောင် ကိုလွမ်းတယ်။ ပြဒါးလူသားကို မုန်းတယ်။ ရမ်ဘိုဂိမ်းကို လွမ်းတယ်။ စိုက်ပျိုးရေးဂိမ်းကို လွမ်းတယ်။ ပီ၀မ်းစက်ကလေးကို လွမ်းတယ်။
ဗာဒံဖက်ပေါ် ပုံထားတဲ့ ငါးကျပ်တန် သင်္ဘောသီးသုပ်ကို လွမ်းတယ်။ နှစ်ကျပ်တန် ကပ်စေးနဲလေးတွေ လွမ်းတယ်။ ဧရာ၀တီကို လွမ်းတယ်။
#KLT
29/Sep/2017

Comments
Post a Comment