“ ကောင်းကင်စံတော်ချိန်လေး သိပါရစေ ”
ခရီးရောက်မဆိုက်
‘ရော့ . . မင်းတစ်ကိုက်စား’ လို့
ဘုရားသခင်က ပေါင့်မုန့်ကို လှမ်းပေးတယ်
‘နေပါစေ . . ကျွန်တော် မဆာသေးဘူး’ . . .
အတန်ညှိုးငယ်တဲ့ မျက်နှာထားနဲ့
ဘုရားသခင်က မဲ့ပြုံးပြုံးတယ်
‘ကဲ . . ဒါဆိုလဲ ၀ိုင်ပဲသောက်တော့’ လို့
ဝိုင်ချိုတစ်ခွက်ကို အကမ်း
‘ဟင့်အင် . . ခွင့်လွှတ်ပါ အဖ
အဖရဲ့ နွေးထွေးမှုဟာ
နှင်းခညမှာ ကတ္တီပါစောင် ခြုံပေးသလိုပါပဲ
ဒါပေမယ့် . . . ၊ . . .
ဒါပေမယ့် . . . နေ၀င်တာ စောလွန်းတယ်
အဖရယ်
တကယ်ဆို သူနဲ့အတူလာချင်ခဲ့တာ
ခုတော့ မျှော်ရလိမ့်အုံးမယ် . . .
။ ။



Comments
Post a Comment