"လွမ်းပါလေရစ် ၊ သည်သောင်ငွေဦး" (တက္ကသိုလ်ဘုန်းနိုင်) ထဲတွင် ပါဝင်သော ကဗျာ အပိုင်းအစလေးများ . . . ။
" အရုဏ် (သို့မဟုတ်) ညနိဒါန်း "
လင်းရောင်လဲ့မှုန် ၊
ရစ်သန်းသွယ်ခြည်စုံလဲ
အရုဏ်က ညနိဒါန်း . . .
နေ၀င်ငုပ်ပါမှ
မိုးချုပ်ပြီ ကိုယ်ကြုံနဲရတယ်
(နှင်းရေ . . . ) သဲမြည့်နာလွန်း . . . ။ ။
" စိန်ပန်းပြာနှင့်တူသော မိန်းကလေး "
အသွင်လှပေမဲ့
မင်းဘ၀စိန်ပန်းပြာ
သုံးခွမာယာ . . .
အပွင့်က ကြောင်လျှာ
အသီးရွှေပိတောက်ရယ်မို့
ယုံလောက်ဖွယ် ဘာကိုကိုးရမယ်
ရိုးပုံနဲ့ဆန်း ။ ။
" ကိုယ်ကစိန်ခေါ်သည် "
အချစ်ဆိုတဲ့ ဖားဖိုမှာ
အသည်းကို သံလိုလုပ်
မီးဖုတ်လို့ ထုလေပါ
ရက်စက်မှုတူပမာ
စိမ်းတာက ပေအလား
သံမဏိရယ်သို့
ခံချိသူ ကိုယ် မာကျောတော့ရင်
မောနဲ့ မဖုရား ။
လင်းရောင်လဲ့မှုန် ၊
ရစ်သန်းသွယ်ခြည်စုံလဲ
အရုဏ်က ညနိဒါန်း . . .
နေ၀င်ငုပ်ပါမှ
မိုးချုပ်ပြီ ကိုယ်ကြုံနဲရတယ်
(နှင်းရေ . . . ) သဲမြည့်နာလွန်း . . . ။ ။
" စိန်ပန်းပြာနှင့်တူသော မိန်းကလေး "
အသွင်လှပေမဲ့
မင်းဘ၀စိန်ပန်းပြာ
သုံးခွမာယာ . . .
အပွင့်က ကြောင်လျှာ
အသီးရွှေပိတောက်ရယ်မို့
ယုံလောက်ဖွယ် ဘာကိုကိုးရမယ်
ရိုးပုံနဲ့ဆန်း ။ ။
" ကိုယ်ကစိန်ခေါ်သည် "
အချစ်ဆိုတဲ့ ဖားဖိုမှာ
အသည်းကို သံလိုလုပ်
မီးဖုတ်လို့ ထုလေပါ
ရက်စက်မှုတူပမာ
စိမ်းတာက ပေအလား
သံမဏိရယ်သို့
ခံချိသူ ကိုယ် မာကျောတော့ရင်
မောနဲ့ မဖုရား ။



Comments
Post a Comment