" ခေါင်းစဉ်မလို "
ယူဇနာတွေကို ဓါးနဲ့မြွှင်းချင်တော့တာပဲ
ရှိမ်းသက်သက် စပ်ခါးခါး
နေ့တာတွေ ရှည်လျားလွန်းတယ်
ခြေရာလက်ရာမပျက် ထားချင်တဲ့
ပိုးဆံချည်တစ်မျှင်
သွေးစက်တဝေေ၀နဲ့
အသက်ငင်နေတယ်
နွေတွေ ထစ်ချုန်းရွာတော့မယ်
ဝင်ရိုးစွန်းက ပဇ္ဇုန်ရိုက်သံ
နားစွန်နားဖျားသို့ အရောက်
ရှိုက်သဲ့အမောဖောက်လာတော့မယ်
တစ်ဆိတ်ငဲ့ညှာပါ
နေ့တာတွေက ရှည်လျားလွန်းတယ် . . . ။ ။
ကျော်လင်းထွန်း
ရှိမ်းသက်သက် စပ်ခါးခါး
နေ့တာတွေ ရှည်လျားလွန်းတယ်
ခြေရာလက်ရာမပျက် ထားချင်တဲ့
ပိုးဆံချည်တစ်မျှင်
သွေးစက်တဝေေ၀နဲ့
အသက်ငင်နေတယ်
နွေတွေ ထစ်ချုန်းရွာတော့မယ်
ဝင်ရိုးစွန်းက ပဇ္ဇုန်ရိုက်သံ
နားစွန်နားဖျားသို့ အရောက်
ရှိုက်သဲ့အမောဖောက်လာတော့မယ်
တစ်ဆိတ်ငဲ့ညှာပါ
နေ့တာတွေက ရှည်လျားလွန်းတယ် . . . ။ ။
ကျော်လင်းထွန်း



Comments
Post a Comment