“ သဘာဝကျကျ ငြိမ်းချမ်းသော ဘ၀ ”

ရှေးရေစက်ပါလို့သာ

ထပ်တူညီ အံကိုက်ခဲ့ပြီမို့

ရင်ဘတ်ထဲအထိ ဆိုက်ဆိုက်မြိုက်မြိုက်

စီးဆင်းဝင်ရောက်ခွင့်ပြုလိုက်ပါ

သင့်ကို ကျနော်မသိ

သို့ပေမယ့်

သင် လိုအပ်လာမယ့် အနီရောင်သွေးစက်တွေကို

သင်မလိုအပ်စဉ်အခါကတည်းက

ကျနော့်ကိုယ်တွင်းမှ ဖောက်ထုတ်လှူဒါန်းပစ်ခဲ့တယ်

အဆိပ်အတောက် အညှီအဟောက်တွေ

ကင်းနိုင်သမျှကင်းဖို့လဲ

ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ

ညီညွှတ်မျှတအောင် နေထိုင်ခဲ့တယ်

အကျင့်သီလဆိုတဲ့ ကာကွယ်ဆေးကို

ခါးဝတ်ပုဆိုးလို ကိုယ်နဲ့အမြဲ

ဒွန်တွဲနေအောင် သောက်မျိုထားခဲ့တယ်

နှလုံးအိမ်ထဲက ညှစ်ထုတ်

သွေးပြန်ကြောမကြီးကတစ်ဆင့် ပြန်ဝင်

ဒီလိုနဲ့ ခန္ဓာတစ်ခွင်လုံး

လူးလာခေါက်ပြန် လည်ပတ်နေခဲ့တဲ့သွေး

သင့် ရင်ငွေ့နွေးနွေးမှာ ခိုလှုံဖို့

စီးဆင်း ၀င်ရောက်ခွင့်ပြုပါ . . . မိတ်ဆွေ   ။              ။


ကျော်လင်းထွန်း










Comments