“ မြို့ပျက်သင်္ချိုင်းရဲ့ လေဟာနယ် ”
မြို့ပြယောင်ဆောင်ရတာ
မမောဘူးလား မြို့ပြ
မြို့ပြရေးချ . . မျက်ကလူးဆန်ပျာ
မြို့ပြ သေးသေးတင် တစ်ချောင်းငင်
ဝစ္စနှစ်လုံးပေါက်
သူ့အပြုံးဟာကောက်ကျစ်တယ်
မြို့ပြကသတ် . . ဒိုင်ကွက်ထဲမှာပြေး
ကူညီဖေးမမယ့်လက်တွေထက်
လောဘရမ္မက်တွေက ဇယ်ဆက်နေတယ်
မြွေမြွေချင်း ခြေချင်းခတ်
မြွေမြွေချင်း လည်မျိုညှစ်သတ်
ဒီမြို့ပျက်ရဲ့ ပြဋ္ဌာန်းချက်ဟာ
အလမ္ပာယ်ဆရာတောင်
ရှားဖြူသီးဆောင်ရမယ့်အဖြစ် . . .
တချို့ ရွာကိုပစ်ပြီး မြို့ကို
တက်လာကြတယ်
ကဗျာဆရာတွေကတော့
သူတို့မြို့ကို ရွာလေးဖြစ်လာဖို့
ဆက်ပြီးအိပ်ရေးပျက်ခံကြအုံးစိုတဲ့ မေမေ
. . . ။ ။
ကျော်လင်းထွန်း



Comments
Post a Comment