ပွင့်ဖတ်တွေ နိုးတစ်ဝက်မှာ
သင်းသတ်ခံထားရတဲ့ ရိုးတံပေါ်က
ရှင်သန်ခြင်းရဲ့ နောက်ဆုံးကာလ
တစ်စုံတစ်ယောက်အတွက် အမှတ်တရ
အမှတ်တရအတွက် နီထွေးထွေး
မွှေးအီဆို့နင့် . . .
နှင်းဆီတစ်ပွင့်ရဲ့ ရုပ်ကလာပ်ဟာ
အပြုံးတန်ဆာနဲ့ စကားပန်းချီခြယ်သတယ်
“ သခင်မထံခစားဖို့ အသင့်ပါ ” . . . တဲ့ ။ ။
ကျော်လင်းထွန်း
Comments
Post a Comment