“ကြိတ်မှိတ်မျိုချ”
ဒီလိုထမင်းဝိုင်း . . . လုပ်ရပ်က အရမ်းရိုင်းတယ်
ငါကလည်း ထင်ရာမစိုင်းတတ်တဲ့ကောင်ဆိုတော့
မျက်ရည်စိုထိုင်းဆ သိပ်သည်းလာဖို့ရာ
(ငါ့ကိုယ်ငါ) အခွင့်မပေးခဲ့ဘူး . . .
လောကကြီးက အတော်ရယ်ဖို့တော့ကောင်းသား
ပုဂ္ဂလဓိဋ္ဌာန်လို့ပဲ ပြောမလား
အချို့လူတွေ အတော်သနားဖို့ကောင်းတယ် . . . ။ ။
ကျော်လင်းထွန်း


Comments
Post a Comment