“အိပ်နေတယ်”

ရှုးတိုးတိုး
ငါ့နှလုံးသား ၊ အိပ်နေတာသိုးလို့
မလှုပ်နှိုးလိုက်ပါနဲ့ . . .
ကံဇာတ်ဆရာ အလိုကျ လိုက်ကနေရတဲ့ ကြားထဲ
ငရဲအလားပူပြင်းတဲ့ အချစ်ကို ရင်ဝယ်ပိုက်မိခဲ့တာ
ခုတော့ လုံးဝကိုအရုပ်ကြိုးပြတ်ပါပဲ . . .
ဟုတ်တယ် ၊ ငါက အဘိဇ္ဈာ*
အလွမ်းရိက္ခာတွေပဲ ငါရခဲ့ပေါ့
ရှေ့ကို ခရီးဆက်ရအုံးမယ် . . .
တစ်ဆိတ်ဗျာ ၊ မလှုပ်နှိုးလိုက်ပါနဲ့
ငါ့ နှလုံးသား ၊ အိပ်နေတာသိုးလို့ . . . ။          

ကျော်လင်းထွန်း
*= သူတစ်ပါးပစ္စည်း မတရားရလိုရေးတွေးကြံသူ (လောဘအကုသိုလ်ရတတ်၏)

Comments