“ငတ်မွတ်ခြင်း”(၂)


ဘဲဥကို ပြုတ် ၊ ငါးခြောက်ဖုတ်လို့

ပုဇွန်ထုပ်နဲ့ အသုပ်တော်ရာ တစ်လီ

ရုံးပတီချဉ်ပေါင်ဟင်း

ငါးမြစ်ချင်းက ဟင်းတစ်မည် . . .

ခံတွင်းချို ၊ ထမင်းမျိုလွယ်ဖို့အရေး

ငါးပိရည်လှိုင်လှိုင်မွှေး

တို့စရာ မြိုင်မြိုင်လေးရယ်နဲ့

တယ်ဟဲ့ . . . လွေးလိုက်ချင်သေး . . . ။            


ကျော်လင်းထွန်း

Comments