“ရေချိန်မကိုက်တဲ့ည”
တစ်ခွန်းကနေနှစ်ခွန်း
ကြယ်တွေလဲ ကျွမ်းပစ်ကုန်ပြီ
မနိုင်မနင်း စကားလုံးကြီးတွေ သယ်ဆောင်ရင်း
ခြောက်သွေ့အာခေါင်ဟာ
ခလုတ်ကန်သင်းပေါတဲ့ ဖုန်းဆိုးတောကိုနင်းဖြတ်
မြင်ပြင်းကတ်စရာကောင်းလောက်အောင်
ချူးပြားတွေ ပြောင်သလင်းခါသွားချိန်
လက်ပြပြီး နောက်တိုးဝင်လာတာ ဘော်ဘော်ကြွား
မျက်လုံးထဲမှာတော့ စည်တစ်ဂျားပဲ . . .
ဟိတ်ကောင် မင်းဖိုင့်လို့တဲ့
ရာရာသသဗျာ
ဒီမှာ မရှုမလှပုလင်းလေးကို
(၆)တန်းလောက်က သင်ခဲ့ဖူးတဲ့
လမ်းဖြတ်ကူးတေးကဗျာလို
ဘယ်ကြည့် ၊ ညာကြည့်
ဘယ်ပြန်ကြည့် ၊ ညာပြန်ကြည့်နဲ့
အပျိုဖြန်းလေးတွေအလား
မထိရဲမကိုင်ရဲ မချိသွားဖြဲလုပ်ရင်း
သူငယ်ချင်းနှစ်ယောက်
မစို့တပို့သောက်နေရတာ . . .
မင်းက ဘ၀ကို ဖိုလ်ထိုးကြည့်နေတဲ့ကောင်ပဲ
ရော် . . . ခက်ပြီ
VAT69 ထောင်ပေးပြီး ပထမဆုံးသိပ်လိုက်တဲ့
ဖရီးကစ်
အို . . . ပြောစမ်းပါစေ
မင်းက ရထားတစ်စင်းပဲ
အကောင်ကြီးကြီး အမြီးရှည်ရှည်နဲ့
တကယ်တမ်း ခုတ်မောင်းနေတာ
သံလမ်းပေါ်က နေ့စွဲတွေပဲဟာ
လုံထဲက သွပ်စမီးခဲကို ကြည့်ရင်း
မင်း အာသဝေါကုန်တဲ့ နေ့ကို နားစွင့်နေမယ် . . .
အပြင်မှာ ရွှေရောင်မီးဖွားလေးတွေ
ဖိတ်ဖိတ်ဖြာ လျှံကျနေမှာနော်
မိုးသားတိမ်လိပ်တွေ ဖယ်ရှားရင်း
အားစိုက်အလင်းပေးရှာတဲ့ ငွေလမင်းရေ
လူကြီးမင်းနဲ့တွေ့ရင်လည်း ပြောလိုက်ပါ
ယစ်မူးခြင်းမှာ ပျော်ရွှင်တပ်မက်တဲ့
ဒီအညတရအတွက်တော့
ခင်ဗျားက တကယ့်ကို မစ္စတာဗင်းပဲလို့ . . . ။ ။
ကျော်လင်းထွန်း
ကြယ်တွေလဲ ကျွမ်းပစ်ကုန်ပြီ
မနိုင်မနင်း စကားလုံးကြီးတွေ သယ်ဆောင်ရင်း
ခြောက်သွေ့အာခေါင်ဟာ
ခလုတ်ကန်သင်းပေါတဲ့ ဖုန်းဆိုးတောကိုနင်းဖြတ်
မြင်ပြင်းကတ်စရာကောင်းလောက်အောင်
ချူးပြားတွေ ပြောင်သလင်းခါသွားချိန်
လက်ပြပြီး နောက်တိုးဝင်လာတာ ဘော်ဘော်ကြွား
မျက်လုံးထဲမှာတော့ စည်တစ်ဂျားပဲ . . .
ဟိတ်ကောင် မင်းဖိုင့်လို့တဲ့
ရာရာသသဗျာ
ဒီမှာ မရှုမလှပုလင်းလေးကို
(၆)တန်းလောက်က သင်ခဲ့ဖူးတဲ့
လမ်းဖြတ်ကူးတေးကဗျာလို
ဘယ်ကြည့် ၊ ညာကြည့်
ဘယ်ပြန်ကြည့် ၊ ညာပြန်ကြည့်နဲ့
အပျိုဖြန်းလေးတွေအလား
မထိရဲမကိုင်ရဲ မချိသွားဖြဲလုပ်ရင်း
သူငယ်ချင်းနှစ်ယောက်
မစို့တပို့သောက်နေရတာ . . .
မင်းက ဘ၀ကို ဖိုလ်ထိုးကြည့်နေတဲ့ကောင်ပဲ
ရော် . . . ခက်ပြီ
VAT69 ထောင်ပေးပြီး ပထမဆုံးသိပ်လိုက်တဲ့
ဖရီးကစ်
အို . . . ပြောစမ်းပါစေ
မင်းက ရထားတစ်စင်းပဲ
အကောင်ကြီးကြီး အမြီးရှည်ရှည်နဲ့
တကယ်တမ်း ခုတ်မောင်းနေတာ
သံလမ်းပေါ်က နေ့စွဲတွေပဲဟာ
လုံထဲက သွပ်စမီးခဲကို ကြည့်ရင်း
မင်း အာသဝေါကုန်တဲ့ နေ့ကို နားစွင့်နေမယ် . . .
အပြင်မှာ ရွှေရောင်မီးဖွားလေးတွေ
ဖိတ်ဖိတ်ဖြာ လျှံကျနေမှာနော်
မိုးသားတိမ်လိပ်တွေ ဖယ်ရှားရင်း
အားစိုက်အလင်းပေးရှာတဲ့ ငွေလမင်းရေ
လူကြီးမင်းနဲ့တွေ့ရင်လည်း ပြောလိုက်ပါ
ယစ်မူးခြင်းမှာ ပျော်ရွှင်တပ်မက်တဲ့
ဒီအညတရအတွက်တော့
ခင်ဗျားက တကယ့်ကို မစ္စတာဗင်းပဲလို့ . . . ။ ။
ကျော်လင်းထွန်း


Comments
Post a Comment