“ကျွန်း/လိမ်”
သစ်ပင်မဟုတ် . . . မုသားမဟုတ်
အညတရဖြစ်တည်မှုတစ်ခု ... မဟာဆန်ဖြစ်တည်မှုတစ်ခု ...
နန်းထိုက်တော်ဝင် ရုပ်အစိုင်အခဲ
သားထစ်တုံးကြီး တစ်တွဲရယ်ပါ
လော်မာမှုညာဉ်နဲ့ ကင်ဆာသင့်နှလုံးသား
ရော်ညှိုးဖျော့ ရမ္မက်အပြင်းစား ရှမ်ပိန်ပုလင်း
ညတေလေရဲ့ နှုတ်ဖျားက ခွေးအလိုတကိန်ကိန် ...
.
ဟိုး ... အဝေးမှာ
အိမ်ပြန်ပို့ပို့နေရတဲ့ အမှာစကားတွေ
တိမ်တွေကြား ... လျှပ်စီးမိုးကြိုးကြား ... ရေဒီယိုသတ္တိကြွကြား
ပေါင်သလုံးသားတွေ အဆင်းလိုက် အမြှောင်းလိုက်
ဓါတ်လိုက်သွားတဲ့ ယဉ်ကျေးမှုမှာ
ဂုဏ်တော်ကိုးပါးက နှုတ်ခမ်းဝရောက်ရုံရှိသေး
အေးစက်တောင့်ခဲ
အသေကောင်လိုအယောင်ဆောင်ထားဆဲ ...
.
ပြီးတော့မေးလိုက်သေးရဲ့
‘ရှင်ဘယ်လိုလူစားလဲ’ တဲ့ ...
‘ကျေးဇူးပြုပြီး ကျနော့် စာကလေးကို လေးဂွနဲ့ မပစ်ပါနဲ့’
ဟော . . . ဒီတစ်ယောက်ကျတော့
ဘန်ကောက်ကမ်းခြေမှာ နေကျွမ်းမခံ
မုတ္တမကွေ့နားတစ်ဝိုက်
ကံလေး တစ်ထွာတစ်မိုက်ကို ဉာဏ်မီသလောက်ဆွဲဆန့်ရင်း
မိတ်အင်ဂျာမနီ မဟုတ်ရင် ဘယ်ပလာယာမှ
ခံတွင်းမတွေ့တတ်တဲ့ လူစားမျိုး
ဘိုင်အိုဒိုင်ဗားစတီးကို
ချွေးနံ့သန္ဓေတည်ရာက စတင်တွေ့ရှိကြောင်း
ဘတ်စ်ကားပေါ်မှာ လောင်းကြေးထပ်တဲ့ လူစားမျိုး
စိုတဲ့လက်မခြောက်ခင် မာနအပိုင်းပိုင်းပြန်ဆက်
ခြောက်တဲ့လက်ပြန်စိုဖို့ အောက်ကျို့ရတဲ့ ဝါသနာ
မွေးကတည်းက ပါမလာခဲ့
ညာတာပါတေးတွေနဲ့ ခပ်ဝေးဝေး
ဗဟိုမဲ့ အာရုံတူရာသွေးစက်တွေ ပုခုံးဖက်လမ်းလျှောက်ရင်း
အပြုံးလွေ့လွေ့သတင်းတွေရဲ့ အစ
လေချဉ်တက်သံ
အလင်းဆိုင်နံရံ ထောင့်တစ်ခုကနေပေါ့
ကံ ဇာတ်ဆရာ ဖျော်ထားတဲ့
ကော်ရည်သုတ်
ဥပဒေ ... ဘာသာရပ်
ကျောင်းတစ်ဝက်တစ်ပျက်တုန်းက
သူငယ်ချင်းမလေး ပြောခဲ့ဖူးတဲ့
‘နင်ကတော့ ကင်းပဲ’ ဆိုတဲ့ စကား
နှုတ်ခမ်းထော် ... ကွမ်းဝါး
အပေါစား ဂေါ်မိတ်နဲ့ ရွှေတစ်ဆယ်သားလို
ခါးသက်နာကျည်းဖွယ် ထောင့်ဖြတ်မျဉ်းတစ်ကြောင်းက
ပိုင်းကန့်ခြားနားနေဆဲပါ ... ။ ။
.
#KLT

Comments
Post a Comment