"ကျား"
ကျားတွေ
ကျားတွေ
ကျားတွေ ...
ငမ်းငမ်းတက် အာသာရမ္မက် ပြင်းပျတတ်ပြီး
မောက်မိုချဲ့ကား မာနထောင်လွှား
အနားစည်းမရှိ ဗရမ်းဗတာ
ဆင်ခြင်ဉာဏ်သိမ်ဖျင်း
မာယာနံပါတ် လေးဆယ့်တစ်မှာ
ပျစ်ရိချွဲကျိနေတဲ့ စကားလုံးတွေထဲ
ချော်မလဲဖို့ ....
အကြည့်
အမြင်တွေ
လမ်းဘေး နှုတ်ခမ်းနီတွေ
ဘူတာရုံက ဒေါက်ဖိနပ်တွေ
လိင်ရမ္မက်ဆာလောင်နေတဲ့ ကျားမျက်လုံးတွေ
တွေးရင်း ... ငေးရင်း
ဒီစက်ကွင်းက လွတ်ရဲ့လား ....
အက္ခုလင်းအားကို မသတီ
မျက်တောင်ခတ်ရတာ မပြတ်မသား
ခရိုင်းမီးယား စစ်ပွဲကြား ပြေးလွှားနေသူ
မီးအိမ်ရှင်မလေး ပုံရိပ်တွေပေါ်လာလိုက်
ရဲရဲတောက် အနီရောင်ရိုဆာရဲ့ ဝိညာဉ်က
လက်ယက်ခေါ်နေလိုက် ....
အသက်ရှုမမှားအောင် မျက်စိဆုံမှိတ်
ဒါတွေဟာ စိတ်ရဲ့စေစားရာလို့ တွေးခိုက်
နားထဲ ... အက်ကွဲရှတ တုန်ယင်ဝင်ရောက်လာ
နှလုံးအိမ်တစ်ခုလုံး ယိုင်နဲ့ဖျော့ကျသွားစေပြန် ....
'မင်းဟာ မိန်းမငယ်လေးတစ်ယောက်ပဲ
ဒါပေမယ့် မင်းရဲ့စာအုပ်ဟာ ဒီကြီးမားတဲ့ စစ်ကြီးကို
အစပြုစေခဲ့တယ်’ (အီဗရာဟင်လင်ကွန်း)
မျက်လုံးတွေ ဖွင့်လိုက်တော့
ဦးလေးတွမ်ရဲ့ သစ်အိမ်အိုလေးထဲ
ဘိချာစတိုးဟာ မျက်လုံးစိမ်းကြီးတွေနဲ့
လက်ညှိုးငေါက်ငေါက်ထိုးပြီး
ကိုယ့်ကို အံကြိတ် ကျိမ်ဆဲနေတုန်းပဲ ….
မျက်ရည်က ဝန်ခံမှုအတွက်
အကောင်းဆုံးသက်သေပါ အနွံတာ
‘ကျနော် နောက်ဆို’ ….
စကားမဆုံးသေး
မေရီဝူးလ်စတုန်းက သူမလက်ညှိုးနဲ့
ကျားတွေ
ကျားတွေ ...
ငမ်းငမ်းတက် အာသာရမ္မက် ပြင်းပျတတ်ပြီး
ဘာမှလက်ကြောမတင်းတဲ့ ကျားတွေ ...
မောက်မိုချဲ့ကား မာနထောင်လွှား
အနားစည်းမရှိ ဗရမ်းဗတာ
ဆင်ခြင်ဉာဏ်သိမ်ဖျင်း
မိုက်တွင်းနက်တဲ့ ကျားတွေ ….
မာယာနံပါတ် လေးဆယ့်တစ်မှာ
ပျစ်ရိချွဲကျိနေတဲ့ စကားလုံးတွေထဲ
ချော်မလဲဖို့ ....
သိက္ခာခြုံစောင် အထပ်ထပ်ဖုံးဖိရင်း
ပြုံးဟန်ဆောင်ထားတဲ့ စက်ကွင်းထဲ
ဝရုန်းသုန်းကား ဘဝခါးခါးမှာ
နောင်တတွေ ဗရပွနဲ့
အငွေ့ပျံရတဲ့ ဝတ်မှုံတွေ
မီးခိုးလည်းဆုံး မိုးလည်းဆုံးဖို့သင့်ပြီပေါ့ အနွံတာ ….
ပြုံးဟန်ဆောင်ထားတဲ့ စက်ကွင်းထဲ
ဝရုန်းသုန်းကား ဘဝခါးခါးမှာ
နောင်တတွေ ဗရပွနဲ့
အငွေ့ပျံရတဲ့ ဝတ်မှုံတွေ
မီးခိုးလည်းဆုံး မိုးလည်းဆုံးဖို့သင့်ပြီပေါ့ အနွံတာ ….
အကြည့်
အမြင်တွေ
လမ်းဘေး နှုတ်ခမ်းနီတွေ
ဘူတာရုံက ဒေါက်ဖိနပ်တွေ
လိင်ရမ္မက်ဆာလောင်နေတဲ့ ကျားမျက်လုံးတွေ
တွေးရင်း ... ငေးရင်း
ဒီစက်ကွင်းက လွတ်ရဲ့လား ....
အက္ခုလင်းအားကို မသတီ
မျက်တောင်ခတ်ရတာ မပြတ်မသား
ခရိုင်းမီးယား စစ်ပွဲကြား ပြေးလွှားနေသူ
မီးအိမ်ရှင်မလေး ပုံရိပ်တွေပေါ်လာလိုက်
ရဲရဲတောက် အနီရောင်ရိုဆာရဲ့ ဝိညာဉ်က
လက်ယက်ခေါ်နေလိုက် ....
အသက်ရှုမမှားအောင် မျက်စိဆုံမှိတ်
ဒါတွေဟာ စိတ်ရဲ့စေစားရာလို့ တွေးခိုက်
နားထဲ ... အက်ကွဲရှတ တုန်ယင်ဝင်ရောက်လာ
နှလုံးအိမ်တစ်ခုလုံး ယိုင်နဲ့ဖျော့ကျသွားစေပြန် ....
'မင်းဟာ မိန်းမငယ်လေးတစ်ယောက်ပဲ
ဒါပေမယ့် မင်းရဲ့စာအုပ်ဟာ ဒီကြီးမားတဲ့ စစ်ကြီးကို
အစပြုစေခဲ့တယ်’ (အီဗရာဟင်လင်ကွန်း)
မျက်လုံးတွေ ဖွင့်လိုက်တော့
ဦးလေးတွမ်ရဲ့ သစ်အိမ်အိုလေးထဲ
ဘိချာစတိုးဟာ မျက်လုံးစိမ်းကြီးတွေနဲ့
လက်ညှိုးငေါက်ငေါက်ထိုးပြီး
ကိုယ့်ကို အံကြိတ် ကျိမ်ဆဲနေတုန်းပဲ ….
မျက်ရည်က ဝန်ခံမှုအတွက်
အကောင်းဆုံးသက်သေပါ အနွံတာ
‘ကျနော် နောက်ဆို’ ….
စကားမဆုံးသေး
မေရီဝူးလ်စတုန်းက သူမလက်ညှိုးနဲ့



Comments
Post a Comment