“ဒီမနက်”


ဒီမနက်
သစ်တောလမ်းထဲ
သစ်ပင်တွေနဲ့ လမ်းလျှောက်တယ်။
ဒီမနက်
သစ်တောလမ်းထဲ
သဇင်ပွင့်တယ်။
ဘော့ဒိုင်လန်ရဲ့ သီချင်းထဲကလို
ဝါခင်းတွေကို ကွေ့ဝိုက်ပြီး
စမ်းချောင်းကလေး စီးနေပုံ
အနုပညာဆန်တယ်။
လူသားဆန်တယ်။
နေရောင်၊ မိုးတိမ်၊
မြက်ခင်းစိမ်းစိမ်း၊ ကောင်းကင်ပြာပြာ
အားလုံး သဘာဝမှာ
သဘာဝကျကျ၊ သဘာဝကျနေတယ်။
ဒီမနက်
ကျွန်တော် ဒီကဗျာကို
ဒီထက်ဖွဲ့ဖို့မလိုတော့ဘူး ။         

နွမ်းစိမ်းဝေ

Comments