"ဆောင်းရင့်ရင့်ဆောင်း"

ဆောင်းတစ်ညအခါ

အိပ်ရာထဲမှာ တစ်ကိုယ်တည်းတွေးရင်း

အအေးဓါတ်ကလေးများ

လျော့သွားမလားလို့

အ၀တ်အစားအထပ်ထပ်

စောင်အထပ်ထပ်နဲ့

အနွေးဓါတ်ကလေးကိုပဲ

မီးခတ်သလို ခတ်နေရ

ဟောဒီဟေမန္တရဲ့

စူးရှတဲ့ မြားချက်တွေက

သဘာဝတရားကြီးရဲ့

ခါးသီးတဲ့ လက်စားချေမှုပဲလား

ဖန်သားပြင်ပေါ်မှာလဲ

စစ်ပွဲများ ၊ အကြမ်းဖက်မှုများ

သဘာဝဘေးဒုက္ခများ

လူသားတို့ရဲ့ မောဟများနဲ့

ဟောဒီကမ္ဘာမြေ၀သုန်

မေတ္တာမခြုံနိုင်သမျှတော့

မလုံနိုင်ခဲ့ပြီပေါ့ ဆောင်းရယ်

မေတ္တာ အထွေးနိုင်သမျှတော့

နွေးနိုင်ခဲ့ပြီပေါ့ ဆောင်းရယ် . . . ။          ။

မောင်ခင်မှိုင်း (ချောက်)


 

Comments