"ကိုယ့်ကိုယ်ကို ပြန်ဟောတဲ့ သင်္ကြန်တရား"
သင်္ကြန်ဟာ သင်္ကြန်ဖြစ်တယ်
သင်္ကြန်ဟာ ပိတောက်ဖြစ်တယ်
သင်္ကြန်ဟာ ထာဝရ ရှိနေမယ် . . .
မနှစ်ကဆို ကျနော်က ကွန်ဆာဗေးတစ်ပဲ
ဧပရယ်ကတော့ ရူးမြဲ
တန်ခူးဟာ ကြယ်ပြာတွေ ဆွတ်ခူးလာစမြဲ
Pitbull နဲ့ မြူးတဲ့ လမ်းထိပ်မဏ္ဍပ်လဲ
အမှတ်ရနေမိတုန်းပဲ
မူး . . ပြဲ . . လဲ . . ကွဲ
အိမ်ထဲမှာ တစ်ယောက်တည်း
ကျနော်ကတော့ ကွန်ဆာဗေးတစ်ပဲ . . .
ရဝေရှင်ထွေးကို ပိတောက်ပန်းပေးချင်နေမိဆဲ
'လွမ်းပွဲ' မဟုတ်ပါဆိုပြီး သူမလက်ကိုဆွဲ
ဦးချစ်မောင် . . ရေကျော်နဲ့ ကန်ပတ်လမ်းထဲ
ခေါ်သွားချင်မိဆဲ
နောင့်ကို မျှော်နေမယ့် ထိပ်ထားလည်း
ရွှေသလွန် ညောင်စွန်းမှာ ငေါင်ပြီးလွန်း(လွမ်း) မနေဘဲ
ဒိတ်ဒိတ်ကျဲ DJ တွေ စုဖြဲမယ့်ပွဲကို လိုက်ခဲ့စေချင်ရဲ့
ကျနော်ကတော့ ကွန်ဆာဗေးတစ်လေးပဲ . . . ။ ။
-ကျော်လင်းထွန်း-
သင်္ကြန်ဟာ ပိတောက်ဖြစ်တယ်
သင်္ကြန်ဟာ ထာဝရ ရှိနေမယ် . . .
မနှစ်ကဆို ကျနော်က ကွန်ဆာဗေးတစ်ပဲ
ဧပရယ်ကတော့ ရူးမြဲ
တန်ခူးဟာ ကြယ်ပြာတွေ ဆွတ်ခူးလာစမြဲ
Pitbull နဲ့ မြူးတဲ့ လမ်းထိပ်မဏ္ဍပ်လဲ
အမှတ်ရနေမိတုန်းပဲ
မူး . . ပြဲ . . လဲ . . ကွဲ
အိမ်ထဲမှာ တစ်ယောက်တည်း
ကျနော်ကတော့ ကွန်ဆာဗေးတစ်ပဲ . . .
ရဝေရှင်ထွေးကို ပိတောက်ပန်းပေးချင်နေမိဆဲ
'လွမ်းပွဲ' မဟုတ်ပါဆိုပြီး သူမလက်ကိုဆွဲ
ဦးချစ်မောင် . . ရေကျော်နဲ့ ကန်ပတ်လမ်းထဲ
ခေါ်သွားချင်မိဆဲ
နောင့်ကို မျှော်နေမယ့် ထိပ်ထားလည်း
ရွှေသလွန် ညောင်စွန်းမှာ ငေါင်ပြီးလွန်း(လွမ်း) မနေဘဲ
ဒိတ်ဒိတ်ကျဲ DJ တွေ စုဖြဲမယ့်ပွဲကို လိုက်ခဲ့စေချင်ရဲ့
ကျနော်ကတော့ ကွန်ဆာဗေးတစ်လေးပဲ . . . ။ ။
-ကျော်လင်းထွန်း-



Comments
Post a Comment