" ကော်ဖီတစ်ခွက် ကျကွဲသွားခြင်း "
ဒီအကြောင်း လုံးဝကဗျာမရေးမိဖို့
အကြိမ်ကြိမ် ကြိုးစားကြည့်ခဲ့ဖူးတယ်
ဒါပေမယ့်
ရေးဖြစ်သွားတာ ခွင့်လွှတ်ပါ . . .
လူရောင်လွင့်နေတယ်
လက်သည်းခွံတွေ မှိန်ဖျော့
(၂၄)နာရီတိုင်းကို ပေါ့ပေါ့ပါးပါး
လေအေးအေးလေး တစ်ရှိုက်ရှူသလို
ကုန်ဆုံးချင်တယ်
အဲ့ဒီ 'လေ' စီးဆင်းရာ နောက်ဆုံးမှတ်တိုင်မှာတော့
ခုထက်ထိ ဟာနေတုန်းပေါ့ . . .
နေမင်းကြီးက ခရမ်းပြာမှုန်တွေ ဖြန့်ကြဲ
ဆန့်တန်းထားတဲ့ တွဲလက်တစ်စုံ
ပိုပြီး နီးနီးကပ်ကပ် ပွေ့ဖက်ယှက်သန်းဖို့
ဒါဟာ မြို့တော့ မြို့ပဲ
ဆိပ်ကမ်းမြို့ပါပဲ
ကပ်နေတဲ့ သင်္ဘောတွေ
တစ်နာရီမှာ ဘယ်နှစ်စီးရှိသည်ဖြစ်စေ
ဟမ်းဘဂ် မဟုတ်တော့လေ
ခုထက်ထိ ငါတို့နှစ်ယောက်
မြက်ခင်းစိမ်းပေါ်က ခုံတန်းမှာ
ကော်ဖီ မသောက်ဖူးသေးဘူး
အိပ်မက်တွေ အလီလီ ပျစ်ခဲစေးထန်း
ပုရွက်ဆိတ်တွေ အဲ့မယ်
ခုန်ပေါက် သောင်းကျန်းနေပြီကွယ် . . . ။
-ကျော်လင်းထွန်း-



Comments
Post a Comment