"အလင်းခါး သို့မဟုတ် ထိုနည်း၎င်း"

ပြန်မမြင်ချင်တော့တာ ကြာပြီ

အလင်းခါးနံရံက အမှားပြတင်း . . .

ဟင်းလင်းဖွင့်ထားတဲ့ စိတ်ကိုမှ

သန့်စရာ လိပ်ပြာတောင်ပံ မရှိအောင်ကို နာ

မပျံသန်းနိုင်တော့တာ ကြာပြီ . . .

အစိတ်စိတ် အမွှာမွှာ

အနွှာခံလိုက်ရတော့

အတိတ်ဆိုတာ

အလည်အပတ်တောင်မှ

မသွားကောင်းတဲ့ နေရာတစ်ခု . . .

မြို့ပျက်ထဲက နွေဦးရောင်စဉ်ဟာ

နောင်ကျဉ်မှုပေါင်းများစွာရဲ့

သားကောင်ပန်းချီတစ်ချပ်ပေါ် ဖြာဝေ

ငွေ နဲ့ ဒီဂရီ ရှိမှ

ပရောပရီ လုပ်လို့ရသတဲ့ . . .

ဆူးလေမှာ ပြာခြွေသလောက် မလွယ်မှန်းတော့

အသိသားပဲ

ဒါပေမယ့် ခံပြီး ဆင်ခြေတစ်ခုခုနဲ့

မနှိုင်းတော့ပါဘူး

ဘ၀ဖဲဝိုင်းထဲက ထောင်ခြောက်

အလိမ်အခေါက်မတတ်သူကိုမှ

အကြွင်းမဲ့အောင်စား

မာနကို ဇိမ်ခံကားနဲ့ မြှောက်တယ်

အလှကို ကြမ်းခင်းဈေးတပ်

စီလီကွန်မွေ့ရာပေါ်က

သန်းခေါင်းကျော် အိပ်မက်နဲ့ မြှောက်တယ်

ဒီလူငယ်ကတော့

ပေါက်လည်း လွှတ်တယ် . . ပဲလည်းစားတယ်

ဒါပေမယ့် အလင်းခါး

မင်းကိုတော့ လန့်သွားပြီ . . . ။         ။



-ကျော်လင်းထွန်း-





Comments