" အင်္ဂါဂြိုလ်သို့ ဆုမွန်ကောင်း "

ပျော်ရွှင်ပါစေ Eve ရေ

အဲ့မယ် လွှတ်ပြီးပျော်ရွှင်ပါစေ

မိတ်ကပ်ရောင်ယင်းလိပ်ရဲ့

ဟိုမှာဘက်ခြမ်းက

နွေဦးပုံရိပ်တွေ ရေးတေးတေး

မှိုင်းညို့တိမ်လိပ်တွေ ပြေးလွှား

အင်္ဂါဂြိုလ်ပေါ်က တနင်္ဂနွေ အိပ်မက်တွေ

ရွှေရောင်တောက်ပပါစေ

နွေဟာ နွေပီသစွာ လောင်ကျွမ်း

ပိတောက်လမ်းပေါ်က နွေဦးဂီတမှာ

လွှတ်ပြီး ပျော်ရွှင်ပါစေ . . . ။




-ကျော်လင်းထွန်း-






Comments