"နွယ်ရုံတောမှာ မမောသေးပါ"

နွယ်တစ်ပင်ပါ မိတ်ဆွေ

ပွဲရုံထဲက ညဟာ ပြုံးစစပေါ့

အပြစ်တွေကို ကဗျာပတ်လမ်း တစ်နေရာ အရောက်

ပစ်တင်လိုက်ပါ

ဝတ်ကျေတန်းကျေ

ဘယ်သူမှလဲ မသေပါစေနဲ့

ငတေလဲ မာပါစေကြောင်း

ဆုမွန်ကောင်းတွေက ပွက်လောရိုက်နေတာပေါ့

တောင့်ခံမထားနိုင်ရင်တော့

အဲဒီလက်ထဲက နွယ်ပင်ကို လျှော့ချလိုက်ပါ . . .



နင်ဘဲငဆ အဆဲခံရမယ့်

ပွဲရုံထဲက ညဟာ ပြုံးစစပေါ့

သုံးမရတဲ့ အီစွပ်ပုံပြင်တစ်ပုဒ် အရောက်

မြေခွေးဟာ

ကြက်မ သေချင်သေပစေ

ငတေမာရင်ပြီးရော စိတ်ရိုင်းနဲ့

မြှောက်ထိုးပင့်ခေါ် စကားမုန်တိုင်းဆင်တဲ့ အကြောင်း

ယုတ်မာသူရဲ့ နောက်ဆုံးအကွက်ဟောင်းကြီးပေါ့

တောင့်ခံမထားနိုင်ရင်တော့

လျှော့ချလိုက်ပါ . . .



သင့်လို သူရဲကောင်း

လောကမှာ ရှာမှရှားပဲ မိတ်ဆွေ

ကျနော်က အဲ့ပုံပြင်ကို

လက်ထဲက နွယ်တစ်ပင်လိုပဲ

လျှော့ချလိုက်တယ် (ဒါမှမဟုတ်)

လွှတ်ချပစ်လိုက်တယ် . . . ။                      ။




-ကျော်လင်းထွန်း-




Comments