"ပိုင်နက်ဖြူရဲ့ ခြေရာများ"

ပိုင်နက်ဟာ နေမင်းကြီးပြုံးနေတာကို လက်နဲ့မကာနိုင်သေးဘူး

လယ်မြေဧကပေါင်းများစွာပေါ် ဖြတ်သန်း

ကွေ့စရာ၊ ကောက်စရာမလို၊ ဖြောင့်တန်းစရာလည်းမလို

ပိုင်နက်ကို စွန်တစ်ကောင်က ၀ဲတယ်

မှန်စာကြိုးက ပိုင်နက်ကို အပြတ်အသတ်နိုင်ပြီလို့ ထင်ခဲ့တယ်

မှားယွင်းမှု၊ ရှုံးနိမ့်မှုတွေ သူနဲ့အတူ သစ်ပင်ထိပ်ဖျားရောက်တဲ့အထိ

လိမ့်ဆင်း လျော့ကျသွားချိန်ထိပေါ့

သူကိုယ်တိုင် ပူလောင်နေပေမယ့်

ပိုင်နက်က အေးချမ်းမှုတွေကို ဝေမျှပေးတယ်

တစ်ချိန်ချိန်မှာ ပြိုကွဲသွားမယ်ဆိုတာ သူသိတယ်

သိပေမယ့် နေပူစာအလှုံမပြတ်ခဲ့ဘူး

အေးစက်စက်ညထဲမှာ ပိုင်နက်ဟာ

အရာရာထက်ဖြူဖို့ ကြိုးစားကြည့်တယ်

သူဟာ အဖြူသက်သက်ပါ

သက်သက်မယ့် ဖြူရတာ ပင်ပန်းလာတဲ့အခါ

ဇူလိုင်ကို မျှော်တတ်လာတယ်

ပိုင်နက်ကိုယ်တိုင် ပွဖောင်းလို့

သူ့ခေါင်းသူကုတ်တယ်

သူ့ကိုယ်သူ နုတ်နုတ်စင်းတယ်

သူ့ရှိုက်သံကို ဖြုတ်ထားလိုက်တယ်

ဝမ်းခေါင်းသံနဲ့ သီချင်းအကျယ်ကြီးအော်ဆိုတယ်

ပြီးတော့ သူဟာ သူ့ကိုယ်သူ

တောင်တန်းတွေပေါ် ဖျော်ချပစ်ခဲ့တယ် . . . ။                    ။



-ကျော်လင်းထွန်း-



Comments