" ကြက်ဥတွေ ဘယ်မှာဖြူလို့လဲ "
ဖန်သားအပြင်ဘက်က ဘကုန်းဝလုံး
လူမျိုးတုံး သတ်ဖြတ်မှုတွေလည်းရှိတယ်
တဖျပ်ဖျပ် flash ရောင်တွေလက်
နွေဦးမှာ (ဟိုးအရင်က ကြွေခဲ့တဲ့) သစ်ရွက်တွေအတွက်
ဆုပ်ထားတဲ့ လက်နဲ့ ဘာမှမခံယူနိုင်လည်း
နေ့တွက်ခ မယူဘဲ
ရဲရဲကြီး ခရီးဆက်နေသူတွေရှိတယ်
ကြက်ဥတွေ ကတော့ ဘယ်မှာဖြူလို့လဲ . . .
လံကြုပ်ဇာတ်က ကလင်ဒါကျ ပြုံးတုံးတုံး
ချူချာတဲ့ နှလုံးသားတွေ တစ်နေ့တော့မျက်ဖြူဆိုက်မယ်
တစ်ဝက်တစ်ပျက်တိတိ ခမ်းနားရင်း
နွေဦးမနက်ခင်းမှာ ရွာတဲ့ စက္ကူတွေက
(၄၅)နှစ် တိတိ ခေါင်ခဲ့ရတဲ့ အကြောင်း
ခပ်ပိန်းပိန်း အသားဝါငပုတစ်ကောင်ကို ပြောပြတော့
'ဟာ' ခနဲ . . . 'ဟင်' ခနဲ
ကြက်ဥတွေ ကတော့ ဘယ်မှာ ဖြူလို့လဲ . . .
ပန်းအပြာရောင်လေးတစ်ပွင့်
နတ်စ် မ လေးကို ပေးခွင့်ရဖို့
ရွှေတွင်းထဲ တစ်ညလုံးဆင်းခဲ့ဖူးတယ် (ငယ်ငယ်ကပေါ့)
ပစ္စည်းမဲ့တေစ်ယောက်ရဲ့ တကယ့်လက်တွေ့
ဘကုန်းဝလုံးမှာ
ချီဒီအန်အေအတွက် ဟန်းဆက်က
ရှစ်တောင်းတဲ့ (တတ်နိုင်တေးဝူးးးး)
ကားခတွေလည်း $ရမ်း အတောင်းကြမ်းနေတုန်းပဲ
တတ်ဆိတ်တဲ့ တောင်ကုန်းကရော ဘယ်မှာရှိလို့လဲ
နတ်စ် မ လေး လဲ မင်းရဲကျော်စွာလမ်းထဲမှာ
ဒေါက်တာလေးတစ်ယောက်နဲ့ တွဲသွားတာ မြင်လိုက်တယ်
ကြက်ဥတွေ ဘယ်မှာဖြူလို့လဲ . . . ။
-ကျော်လင်းထွန်း-
လူမျိုးတုံး သတ်ဖြတ်မှုတွေလည်းရှိတယ်
တဖျပ်ဖျပ် flash ရောင်တွေလက်
နွေဦးမှာ (ဟိုးအရင်က ကြွေခဲ့တဲ့) သစ်ရွက်တွေအတွက်
ဆုပ်ထားတဲ့ လက်နဲ့ ဘာမှမခံယူနိုင်လည်း
နေ့တွက်ခ မယူဘဲ
ရဲရဲကြီး ခရီးဆက်နေသူတွေရှိတယ်
ကြက်ဥတွေ ကတော့ ဘယ်မှာဖြူလို့လဲ . . .
လံကြုပ်ဇာတ်က ကလင်ဒါကျ ပြုံးတုံးတုံး
ချူချာတဲ့ နှလုံးသားတွေ တစ်နေ့တော့မျက်ဖြူဆိုက်မယ်
တစ်ဝက်တစ်ပျက်တိတိ ခမ်းနားရင်း
နွေဦးမနက်ခင်းမှာ ရွာတဲ့ စက္ကူတွေက
(၄၅)နှစ် တိတိ ခေါင်ခဲ့ရတဲ့ အကြောင်း
ခပ်ပိန်းပိန်း အသားဝါငပုတစ်ကောင်ကို ပြောပြတော့
'ဟာ' ခနဲ . . . 'ဟင်' ခနဲ
ကြက်ဥတွေ ကတော့ ဘယ်မှာ ဖြူလို့လဲ . . .
ပန်းအပြာရောင်လေးတစ်ပွင့်
နတ်စ် မ လေးကို ပေးခွင့်ရဖို့
ရွှေတွင်းထဲ တစ်ညလုံးဆင်းခဲ့ဖူးတယ် (ငယ်ငယ်ကပေါ့)
ပစ္စည်းမဲ့တေစ်ယောက်ရဲ့ တကယ့်လက်တွေ့
ဘကုန်းဝလုံးမှာ
ချီဒီအန်အေအတွက် ဟန်းဆက်က
ရှစ်တောင်းတဲ့ (တတ်နိုင်တေးဝူးးးး)
ကားခတွေလည်း $ရမ်း အတောင်းကြမ်းနေတုန်းပဲ
တတ်ဆိတ်တဲ့ တောင်ကုန်းကရော ဘယ်မှာရှိလို့လဲ
နတ်စ် မ လေး လဲ မင်းရဲကျော်စွာလမ်းထဲမှာ
ဒေါက်တာလေးတစ်ယောက်နဲ့ တွဲသွားတာ မြင်လိုက်တယ်
ကြက်ဥတွေ ဘယ်မှာဖြူလို့လဲ . . . ။
-ကျော်လင်းထွန်း-



Comments
Post a Comment