" ငါနဲ့ ငါကြား . . . "
တိမ်တွေ နေသားတကျ စီးမျောပါစေ
ငါ ငြိမ်ငြိမ်နေပါ့မယ်
မျက်လုံးတွေ တပျော်တပါး ရယ်မောပါစေ
ငါ ငြိမ်ငြိမ်နေပါ့မယ်
မစားရ၀ခမန်း ပြာနှမ်း စကားစတွေ
ကြမ်းကျွံရုံမက ပုံရိပ်တစ်ခုပါ လမ်းစပျောက်အောင်
နွံနစ်ဖို့တာဆူနေတဲ့ ပါဒတွေအတွက်
ငါ ငြိမ်ငြိမ်နေပါ့မယ်
ခတ်လို့မ၀နိုင်သေးပေမယ့် အဲ့ဘောင်ကို
ငါဘိုးဘေးဘီဘင်တွေရဲ့ အဖြူရောင်ဝိညာဉ်တွေအတွက်
ငါ အသေအချာ ပြန်ခတ်ဖို့
ငါ ငြိမ်ငြိမ်နေပါ့မယ်
အားလုံးကို စွန့်လွှတ်ရရင်တောင်
ဟန်ဆောင်မှုတွေ သောင်တင်နေအုံးမှာမို့
မစို့မပို့ ယုံကြည်ချက်လေးနဲ့ ပလုံစီထ
ငါ ငြိမ်ငြိမ်နေပါ့မယ်
ပစ်တောင်းဇကာ အဟောင်းအနွမ်းလို
ရောင်းတန်းမ၀င် (ဈေးလဲမချို)
တစ်ကိုယ်ရေ ခရောင်းလမ်းထက်က
ငါဆာလောင်နေတဲ့ ကောင်းကင် ဟိုမှာဘက်ခြမ်း
အနားသပ်မဲ့ ၀ါကျတွေ တစ်လှေကြီးထမ်းသွားဖို့အတွက်
နေ ဇာပုဝါအောက်မှာ ငါနဲ့ ငါ ယတိပြတ်ကွာရှင်းပြီးရင်
ငါ ငြိမ်ငြိမ်လေး နေပါ့မယ် . . . ။ ။
-ကျော်လင်းထွန်း-
ငါ ငြိမ်ငြိမ်နေပါ့မယ်
မျက်လုံးတွေ တပျော်တပါး ရယ်မောပါစေ
ငါ ငြိမ်ငြိမ်နေပါ့မယ်
မစားရ၀ခမန်း ပြာနှမ်း စကားစတွေ
ကြမ်းကျွံရုံမက ပုံရိပ်တစ်ခုပါ လမ်းစပျောက်အောင်
နွံနစ်ဖို့တာဆူနေတဲ့ ပါဒတွေအတွက်
ငါ ငြိမ်ငြိမ်နေပါ့မယ်
ခတ်လို့မ၀နိုင်သေးပေမယ့် အဲ့ဘောင်ကို
ငါဘိုးဘေးဘီဘင်တွေရဲ့ အဖြူရောင်ဝိညာဉ်တွေအတွက်
ငါ အသေအချာ ပြန်ခတ်ဖို့
ငါ ငြိမ်ငြိမ်နေပါ့မယ်
အားလုံးကို စွန့်လွှတ်ရရင်တောင်
ဟန်ဆောင်မှုတွေ သောင်တင်နေအုံးမှာမို့
မစို့မပို့ ယုံကြည်ချက်လေးနဲ့ ပလုံစီထ
ငါ ငြိမ်ငြိမ်နေပါ့မယ်
ပစ်တောင်းဇကာ အဟောင်းအနွမ်းလို
ရောင်းတန်းမ၀င် (ဈေးလဲမချို)
တစ်ကိုယ်ရေ ခရောင်းလမ်းထက်က
ငါဆာလောင်နေတဲ့ ကောင်းကင် ဟိုမှာဘက်ခြမ်း
အနားသပ်မဲ့ ၀ါကျတွေ တစ်လှေကြီးထမ်းသွားဖို့အတွက်
နေ ဇာပုဝါအောက်မှာ ငါနဲ့ ငါ ယတိပြတ်ကွာရှင်းပြီးရင်
ငါ ငြိမ်ငြိမ်လေး နေပါ့မယ် . . . ။ ။
-ကျော်လင်းထွန်း-



Comments
Post a Comment