" ပင်စင် "

ဇရာရယ် ၊ ငါရယ်

ဦးထုပ်လေး တစ်လုံးရယ် . . .
...
ဝါးတားတား မျက်မှန်တစ်လက်ဟာ

ဟိုးအရင်ကဆို

ရုံးက စားပွဲပေါ်မှာ ခဏခဏ

ကျန်နေရစ်ခဲ့ဖူးတယ် . . .

အသက်မပါတဲ့ အပြုံးတွေ

မခုံမင်ဆုံးပဲ

ဒါပေမယ့် ဒီနေ့ ငါ

ဘဏ္ဍာတိုက် (၃) ကို သွားခဲ့တာ

အိုစာမင်းစာ ထုတ်ဖို့ပါ . . . ။


ကျော်လင်းထွန်း



Comments