"ဘယ်ဘက်လက်ဖ၀ါးယားတိုင်း"

ပုံမှန် တနင်္ဂနွေတွေထဲက တစ်ရက်

ဘယ်လိုမှ ဖြစ်မလာနိုင်တော့ဘူး

ပုံမှန် ရက်စွဲတွေထဲမှာ တနင်္ဂနွေတွေ

အကြိမ်ကြိမ် ရိပြဲစွန်းညစ်

လွန်ခဲ့တဲ့ ၂ နှစ်လောက်က အတိုင်းသာဆို

ကျုပ်ဗိုက်ထဲ ဒီအချိန် သံချပ်ကားတွေ

ဆိုက်နေလောက်ပြီ . . .

ဘယ်ဘက်လက်ဖ၀ါးယားတိုင်း

သင်္ဘောသီးကို မုန်းတယ်

ဘယ်ဘက်လက်ဖ၀ါးယားတိုင်း

ခန်းဆောင်နီကို နှင်းတဖွဲဖွဲနဲ့

အတွေးတွေထဲ ဖန်းဆင်းကြည့်ရင်း

မှန်းတဆဆ . . . လွမ်းတသသ

ဘယ်ဘက်လက်ဖ၀ါးယားတိုင်း

နံရိုးကြားက သုညတွေကို

လှီးထုတ်ပစ်ချင်လာတယ် . . .

ကဲ . . ဘယ်လိုလဲ

ခင်ဗျားကော ယားလာပြီလား

ဒါဆို ကျုပ်ပါးကို အားကုန်လွှဲပြီးသာ

ရိုက်လိုက်ပါတော့ . . . ။


ကျော်လင်းထွန်း



Comments