" ငဘ မျက်ရည် "
ကျုပ်မျက်ဝန်းပေါ်က မြေဆွထားတဲ့ စိုက်ခင်းမှာ
ခရမ်းပြာ အသီးတွေ
သီးထပ် . . သီးညှပ် . . တစ်သီးစား . . နှစ်သီးစား
ရာသီတွေ ပက်ကြားအက်သလား
ဂုတ်ပိုးပေါ်မှာ ဘို့ ထွက်ပလား
ရာစုနှစ်တွေလား . . တတိယလှိုင်းတဲ့လား . . .
ခင်ဗျား လာနောက်နေတာလား
လွယ်အိတ်ထဲက ထုံးရည်ဘူးကို
ကျုပ်လေ . . .
ခင်ဗျား မျက်လုံးထဲသာ လောင်းထည့်လိုက်ချင်တော့တယ် . . . ။
-ကျော်လင်းထွန်း-

Comments
Post a Comment