" ကိုးကားပါရစေ . . ခရမ်းပြာကြီးရေ "


တစ်ခုခုပြောဖို့မေ့နေလို့

တစ်ကွေ့ကွေ့ တွေ့ချင်တယ်

တစ်ရွေ့ရွေ့ လှိုင်းပေါ်မှာ

ဒေါသကောက်ရိုးတွေနဲ့
 

မရိုင်းပြတတ်သူ ဒီလူငယ်က

အယဉ်ကျေးဆုံး အရိုင်းအစိုင်း တစ်ကောင်ပါ . . .

နှုတ်ဆက်ခဲ့ပါတယ် ကျနော်သွားတော့မယ် တဲ့

ကမ်းရဲ့ ခေါ်ဆောင်ရာ . . . လှလိုက်တာ

လှလိုက်တာ ဦးခင်ဝမ်းရယ်

ဘယ်ဘုံဘယ်ဘ၀မှာ ရှိနေမလဲ

လက်ဆွဲ နှုတ်ဆက်ချင်လို့ပါ . . .

ဒီလူငယ်ရဲ့ ရင်ထဲမှာ

ကဗျာတွေ အစို့ထွက်နေလို့

သကျူသွေး နွေးနွေးလေး တစ်လုံး

နှလုံးသားအလယ်မှာ ပုံးနေတယ်ဆို

ခင်ဗျား ယုံစမ်းပါဗျာ . . . ။

 


-ကျော်လင်းထွန်း-

Comments