" ဖော်ပြပါ . . အရူးတစ်ယောက် အကြောင်း "
လူတွေကို လိုက်မမီတော့ရင်
အရက်ခွက်ထဲသာ
ခေါင်းငိုက်စိုက်ချထားလိုက် . . .
ဖော်ပြပါ တစ်စိတ်တစ်ဒေသ
နှိပ်စရာခလုတ်တွေက ဗရပွ
ဖော်ပြပါ အရေခြုံကိုမှ
အချိုမှုန့်တစ်ဇွန်းက နုံအအ
ရွှေရောင်ညက ကြွရွနေလိုက်တာ . . .
သေလိုက်ပါတော့ဗျာ
ဖွဖွလေးကိုက်ထားချင်ပါတယ်ဆိုမှ
တအားကို
ငါးဆားမံ ထပြနေလိုက်တာ
အနာပေါ်ကျသွားတဲ့
စကားစတွေ
ပျားရည်တစက်စက် ဝေနေသလားမှတ်တယ်
ဘယ်မှာလဲ
ဘယ်မှာလဲ ဟင် . . .
ပြင်မရတဲ့ အမှားတွေ တသီတတန်းကြီးနဲ့
ဌာနေမဲ့ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးရဲ့
နှလုံးသားကို ဖဲ့ နှဲ့
လှည့် လှည့် ပြီး . . . စားတယ် . . . ။
ကျော်လင်းထွန်း
အရက်ခွက်ထဲသာ
ခေါင်းငိုက်စိုက်ချထားလိုက် . . .
ဖော်ပြပါ တစ်စိတ်တစ်ဒေသ
နှိပ်စရာခလုတ်တွေက ဗရပွ
ဖော်ပြပါ အရေခြုံကိုမှ
အချိုမှုန့်တစ်ဇွန်းက နုံအအ
ရွှေရောင်ညက ကြွရွနေလိုက်တာ . . .
သေလိုက်ပါတော့ဗျာ
ဖွဖွလေးကိုက်ထားချင်ပါတယ်ဆိုမှ
တအားကို
ငါးဆားမံ ထပြနေလိုက်တာ
အနာပေါ်ကျသွားတဲ့
စကားစတွေ
ပျားရည်တစက်စက် ဝေနေသလားမှတ်တယ်
ဘယ်မှာလဲ
ဘယ်မှာလဲ ဟင် . . .
ပြင်မရတဲ့ အမှားတွေ တသီတတန်းကြီးနဲ့
ဌာနေမဲ့ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးရဲ့
နှလုံးသားကို ဖဲ့ နှဲ့
လှည့် လှည့် ပြီး . . . စားတယ် . . . ။
ကျော်လင်းထွန်း



Comments
Post a Comment