" ကျနော် အစာမကျွေးဖူးသော ခွေးတစ်ကောင် "


လုပ်ရိုးလုပ်စဉ်တွေထဲက တစ်ခုပါပဲ

အကြိမ်ကြိမ်လွဲခဲ့တဲ့ မေတ္တာတရားကို

အစာအိမ်နဲ့အတူ ဖြုတ်ထားချင်တယ် . . .

မနေ့က ကံကုန်သွားတဲ့ အာဏာရှင်

အာရပ် လမ်းကြိုလမ်းကြားမှာ

လူဝင်စား မဖြစ်ပါစေနဲ့

ရန်ကုန် ဘူတာကြီးက လှေကားထစ်တွေမှာ

လူဝင်စား မဖြစ်ပါစေနဲ့

ကြေးစည်သံကြားရင်

လူစိတ်ဝင်ပါစေ . . .

ကြေးစည်သံကြားရင်

မွန်မြတ်သန့်စင်တဲ့ အမိဝမ်းကြာတိုက်မှာ

ပြန်ဝင်စားနိုင်ပါစေ . . . ။


ကျော်လင်းထွန်း




Comments