" ကိုမာန်ခသို့ ပေးစာ"
ပေရင်းတေရင်း (ကိုမာန်ခရေ)
ကျနော် ပတ်ရမ်းနေတဲ့ ၀ါးလုံးက ရှည်ရှည်လာတယ်
ကင်ဆာသင့်
ကျိန်စာသင့်
ဝင်္ကပါ ဘုံခုနစ်ဆင့်
နေမြင့်တော့ တရဲ အရူးရင့်ရုံမက မှည့်မှည့်လာတယ်
လေလွင့်ခွင့်ဟာ လိုင်စင်မလိုပေမဲ့
နေ၀င်ရင် ကြိုနေမဲ့ မေမေ့မျက်နှာ
အလိုလို မြင်ယောင်လာမိတော့
လျှော့ချလိုက်ရတဲ့ မိုက်မဲမှုအစိုင်အခဲတွေ
သိမ်းဆည်းထားတယ်
အခွင့်ရရင် မေမေ့ရဲ့ ဒုက္ခအိုးလေး ဖြစ်ချင်တုန်းရယ်ပါ
မာန် မာနတွေ အရည်ဖျော်ချထားတဲ့
အကို မာန်ခရေ . . ။
-ကျော်လင်းထွန်း-

Comments
Post a Comment