“ထို . . . လက်ဖ၀ါး”


ဟိုးခပ်ဝေးဝေး တောင်တန်းပေါ်က မြူမှုံစတွေ
သွေ့ခြောက်မြေပြန့်ဒေသဆီ လိမ့်ဆင်းပြိုကျ
တိုက်တေနီယံနန်းဆောင်တစ်ခုလုံး
ကြက်သွေးရောင်ရင့်ရင့် စွန်းညစ်
ချောင်းကိုပစ် မြစ်ကိုရှာ
ဒီအန်(န်)အေ စစ်တမ်းနဲ့
မြေကမ္ဘာရဲ့ ပြဿဒါးတွေအတွက်ထုချေလွှာ
အိပ်မက်တွေ ပဒေသရာဇ်ပြုခံလိုက်ရချိန်
ခေတ်တစ်ခေတ်ရဲ့ အပြေပြစ်ဆုံး မျက်ရည်စီးကြောင်း
ကလောင်တစ်ချောင်းနဲ့ အရိုင်းစိုင်းဆုံးမြစ်ကို လှော်တက်
အဲ့ဒီအုတ်ဂူထဲက ဒူပေနာပေခံတဲ့ လက်ဟာ
ဟစ်ပိုကရက်တစ်ကျမ်းစာရွတ်ပြီး လူနာတွေဆီက ငွေညှစ်တတ်တဲ့
ဘေသဇ္ဇအန္ဓတွေရဲ့လက်ထက် ပိုမွန်မြတ်ပါတယ် . . . ။          

ကျော်လင်းထွန်း

Comments