" ပါတီရော့ခ်င်း "
ကြွတ်ဆတ်ဆတ် ည
ထိလွယ်ရှလွယ်ရိုက်ချက်တွေ သွတ်သိပ်ထည့်ထားတဲ့ ဂီတ
နဖူးပေါ်က စီးကျတဲ့ ချွေးစ
ကြမ်းပြင်ပေါ် ၀င်းလက်စိုမြ
ပြိုးပျက်တောက်ပတဲ့ မီးရောင်ဟာ
မိုးကြိုးဆက်တိုက်ပစ်ချနေသလို
သွေးသားသောင်းကျန်း ဆူပွက် ကကွက်ရိုင်းက
ဗြောင်းဆန်နေတဲ့ ပင်လယ်ရေလှိုင်းလို
ဒါဆို ... ဒီမုန်တိုင်းထဲ
ပဲ့ကိုင်ရှင်ဘယ်သူလဲ မေးနေအုံးမှာလား . . .
ဟိုစင်မြင့်ထက်က ဂီတကိုဂီတ အတိုင်း
ခွန်းထောက်သဖြန်မလိုဘဲ ကျူးရင့်ခွဲဖောက်နေသူက
မာလိန်မှုးပေါ့ ...
ဒီအောက်မှာတော့ သဲလွန်စရှာမရ
မြော့မြော့ပဲကျန်အောင် ... သောက်ကြူးထားတဲ့
အိုးခြမ်းကွဲ မြာတွေနဲ့
အံ့ဖွယ်သရဲ ခလာသီတွေပဲ ရှိတယ်
ဒီသင်္ဘောပေါ် ဘာအကျိတ်အခဲမှမရှိ
ဓာတ်သိချင်းတွေပဲ ဆိုတော့ လွမ်းစရာလဲမရှိ
ရိက္ခာတွေကတော့ အပြည့်ရှိနေသေးရဲ့
ကဲ . . . ဒီဂျေရေ
ဆက်(ခ်စ်) ဆွဲလိုက်ရအောင် . . . ။ ။





Comments
Post a Comment